မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်တွင် ဆီထွက်သီးနှံမျိုးစုံ စိုက်ပျိုးလျှက်ရှိရာ နေကြာသီးနှံကိုလည်း တောင်သူများ သီးထပ်သီးညှပ်စိုက်ပျိုးသည့်အပြင် သီးသန့်လည်းစိုက်ပျိုးကြ ပါသည်။ ၂၀၂၄-၂၀၂၅ဘဏ္ဍာနှစ်တွင် နေကြာ(ဆောင်း)ကို ကျောက်ဆည်မြို့နယ်တွင်(၁၀၂၇၄)ဧက၊ စဉ့်ကိုင်မြို့နယ်တွင်(၁၂၁၃၈)ဧက၊မြစ်သားမြို့နယ်တွင်(၅၆၂၇)ဧက၊ စုစုပေါင်း(၂၈၀၃၉)ဧက စိုက်ပျိုး နိုင်ခဲ့ပြီး အောက်တိုဘာလတွင် စတင်စိုက်ပျိုးကြကြောင်း ခရိုင်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏ စာရင်းများအရသိရှိရပါသည်။ နေကြာ(ဆောင်း) စိုက်ပျိုးမှု (၁)ဧကကုန်ကျစရိတ်အနေဖြင့် မျိုး ၊ သွင်းအားစု၊လုပ်သားခ အပါအဝင် စုစုပေါင်း(၂၈၀၀၀၀)ကျပ် ကုန်ကြကြောင်း ၊ နေကြာစျေးနှုန်းများ အနေဖြင့် ယခင်နှစ် နေကြာတစ်တင်းလျှင်(၃၈၀၀၀)ကျပ်၊ နေကြာဆီတစ်ပိဿာလျှင်(၁၁၀၀၀)ကျပ် ရှိပြီး ယခုနှစ်တွင် နေကြာတစ်တင်းလျှင်(၅၀၀၀၀)ကျပ်၊နေကြာဆီတစ်ပိဿာလျှင်(၁၇၀၀၀)ကျပ် စျေးနှုန်းများဖြင့်ရောင်းဝယ်လျှက်ရှိကြောင်း၊ ယခုနှစ် နေကြာ(ဆောင်း)စိုက်ပျိုးချိန်တွင်တောင်သူများ သည် မိုးရွာသွန်းမှုမရှိသေးသော်လည်း ဆည်ရေသောက်ရေတင်စနစ်ဖြင့် စိုက်ပျိုးခဲ့ပြီး ယခုအချိန်တွင် နေကြာ(ဆောင်း)အပင်များ ကောင်းမွန်စွာအောင်မြင်ဖြစ်ထွန်းနေကြောင်း ၊ နေကြာ သီးနှံသည် သက်တမ်းတိုမျိုးဖြစ်ပြီး ကုန်ကျစရိတ်သက်သာ၍ မိသားစုအတွက်လည်း စားသုံးဆီဖူလုံမှု ရရှိသဖြင့် တောင်သူများ သီးထပ်သီးညှပ်အပြင် နေကြာသီးသန့်အနေဖြင့်ပါ အများအပြား စိုက်ပျိုးသင့်သော သီးနှံတစ်မျိုးဖြစ်ကြောင်းရေးသားတင်ပြအပ်ပါသည်။
DOCA(မန္တလေး)