မန္တလေးစျေးကွက်သို့ ဖေဖော်ဝါရီလပထမပတ်အတွင်း စားတော်ပဲစိမ်းသီးနှံများ အများ အပြားဝင်ရောက်လျက်ရှိကြောင်း သိရပါတယ်။ စားတော်ပဲသီးနှံအား စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး နှင့် ရှမ်းပြည်နယ်တို့တွင် အများအပြားစိုက်ပျိုးပြီး ကျန်ဒေသများတွင်လည်း စိုက်ပျိုးကြောင်း သိရပါတယ်။ ပဲမျိုးစုံစိုက်ပျိုး ထွက်ရှိသည့် မန္တလေးတိုင်းဒေသကြီးအတွင်း အမရပူရ၊ ပြင်ဦးလွင်၊ မိုးကုတ်၊ တကောင်း၊ စဉ့်ကူး၊ မတ္တရာနှင့် မြင်းခြံမြို့နယ်များတွင် စားတော်ပဲသီးနှံအများအပြားစိုက်ပျိုးကြောင်း သိရပါတယ်။ စားတော်ပဲသီးနှံအနေဖြင့် မန္တလေးကုန်စိမ်းစျေးကွက်တွင် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလပထမပတ်တွင် ဝင်ရောက်မှုများပြားပြီး၊ အရောင်းသွက်လျက်ရှိကြောင်း သိရပါတယ်။ စားတော်ပဲစိမ်းသီးနှံမှာ စျေးကွက်အတွင်း ပဲသီးတောင့်များအား ပိဿာချိန်ဖြင့် ရောင်းချလျက်ရှိပြီး၊အခွံချွတ်ပြီးအစေ့အား ပြည်ချိန်၊ နို့ဆီဘူးချိန်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရပါတယ်။ စားတော်ပဲစိမ်းမှာ ပဲမျိုးစုံအနက် နေ့စဉ်စားသုံးမှုရှိသည့် ပဲအမျိုးအစားဖြစ်ပြီး၊အစိမ်းကြော်၊စားတော်ပဲချက်၊စည်သွတ်စားတော်ပဲဘူး များ၊ ပဲစိမ်းကြော်၊ပဲကြော်၊ပဲပြုတ်၊နံပြား၊အီကြာကွေး၊ရေမုန့်၊မုန့်လင်မယား၊ လမ်းသရဲမုန့်၊ ခေါပုတ်၊ ထမင်းဆီဆမ်း၊ထမင်းကြော်၊ ကောက်ညှင်း၊ ဒံပေါက်တို့တွင်ထည့်သွင်း၍ ပုံစံအမျိုးမျိုးဖြင့် စားသုံး ကြောင်းတွေ့ရှိရပါတယ်။စားတော်ပဲပြုတ်ထဲတွင် ကျန်းမာရေးအထောက်အကူဖြစ်စေသောဗီတာမင် နှင့်သတ္ထုဓာတ်တို့အလုံအလောက်ပါရှိပြီးဘေးဖြစ်စေသောကိုလက်စထရောလုံးဝမပါရှိသည့်အတွက် နေ့စဉ်စားသုံးသင့်သော အဟာရဖြစ်ပဲတစ်မျိုးဖြစ်ကြောင်း သိရပါတယ်။ ဖေဖော်ဝါရီလပထမပတ် အတွင်း ကုန်စိမ်းစျေးကွက်တွင် လက္ကားပေါက်စျေးအနေဖြင့် စားတော်ပဲစိမ်းအတောင့် တစ်ပြည် လျှင် ၆၀၀၀ ကျပ်နှင့်၇၀၀၀ ကျပ်စျေး၊စားတော်ပဲစိမ်းအခွံချွတ် တစ်ပြည်လျှင် ၈၀၀၀ ကျပ်နှင့် ၉၀၀၀ ကျပ်စေျး၊ လက်လီစျေးအနေဖြင့် စားတော်ပဲစိမ်းအခွံချွတ်တစ်ပြည်လျှင် ၁၂၀၀၀ ကျပ် နှင့် ၁၃၀၀၀ ကျပ်စျေး၊တစ်ဘူးလျှင် ၁၅၀၀ ကျပ်နှင့် ၁၆၀၀ ကျပ်စျေး အသီးသီးတို့ ဖြင့် အရောင်းသွက်လျက်ရှိ ကြောင်းသိရပါတယ်။ဒေသအသီးသီးမှထွက်ရှိသည့် ပဲ၊ပြောင်း၊နှမ်းသီးနှံမျိုးစုံဝင်ရောက်လျက်ရှိသည့် မန္တလေးပွဲစား၊ကုန်သည်စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ဖေဖော်ဝါရီလပထမပတ်အတွင်း ဖြစ်ပေါ်သည့်စျေးမှာ ၃တင်းအိတ်ဝင်အိတ်တစ်အိတ်လျင် စားတော်ပဲ(ကနေဒါ) ၃၄၀၀၀၀ ကျပ်၊ စားတော်ပဲ(ကျွန်း) ၃၁၀၀၀၀ ကျပ်နှင့် ၃၃၀၀၀၀ ကျပ်စျေးဖြစ်ပြီး၊သီးနှံပေါက်စျေးမှာ အချိန်နှင့်လိုက် ၍ ပြောင်းလဲမှုအနည်းငယ်ရှိကြောင်း သိရပါတယ်။ စားတော်ပဲသီးနှံမှာ ပြည်တွင်းစားသုံးမှုများပြား သည့်ပဲတစ်မျိုးဖြစ်ပြီး၊စားတော်ပဲစိမ်းနှင့်စားတော်ပဲစေ့မှာ မန္တလေးစျေးကွက်အတွင်း ဖေဖော်ဝါရီလ ပထမပတ်အတွင်း အရောင်းသွက်လျက်ရှိကြောင်း သိရပါတယ်။
DOCA(မန္တလေး)