Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
27 Jan 2025

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်အတွင်းရှိ ကျေးရွာများတွင် စပါး၊ ပဲမျိုးစုံနှင့် စားဖိုဆောင် သီးနှံများကို စိုက်ပျိုးသည့်အနက် ပဲကြီးသည်လည်း ဈေးကောင်းရ၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

27 Jan 2025

          ဘူးပင်များသည် မြေအမျိုးမျိုးတွင် စိုက်ပျိုးနိုင်ပြီး နုန်းမြေများတွင် ပိုမိုဖြစ်ထွန်းသည်။ ပူနွေးသော ရာသီဥတုကို ကြိုက်နှစ်သက်ပြီး အအေးဒဏ်လည်းခံနိုင်ရည်ရှိပါသည်။ မုံရွာမြို့၊ ပတ်ဝန်းကျင်ရှိကျေးရွာများမှ ပြည်သူများသည် မိမိတို့ လယ်ယာများနှင့် နေအိမ်များတွင် ဟင်းသီးဟင်းရွက်များ၊ သီးပင်စားပင်များ စိုက်ပျိုးလျက်ရှိရာ ဘူးပင်များကိုလည်း စိုက်ပျိုး ထားကြပါသည်။

27 Jan 2025

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် သစ်သီးမျိုးစုံဖြစ်သည့် နာနတ်သီး၊ နဂါးမောက်သီး၊ သရက်သီး၊ ငှက်ပျောသီး၊ လိမ္မော်သီး၊ စပျစ်သီး၊ သခွားမွှေးသီး၊ ပန်းသီး၊ ပန်းသစ်တော်သီး၊ ဇီးချိုသီး၊ ပဲစိမ်းစားဥ နှင့် ဖရဲသီးများ ကို  မန္တလေးမြို့မှ မှာယူရောင်းချလျက်ရှိ ကြောင်းသိရ သည်။

27 Jan 2025

             ဧရာဝတီတိုင်း၊ မအူပင်မြို့နယ် ထနီဒေါင့် ကျေးရွာ၌ ဆင်မုန်လာစိုက်ပျိုးသူများရှိသဖြင့် နှစ်စဉ်စိုက်ပျိုးကြောင်း သိရသည်။ မုန်လာကို ၎င်းတို့၏ ခြံမြေတွင် စိုက်ပျိုးကြသည်။ မအူပင်ခရိုင်အနေဖြင့် ဟင်းသီးဟင်းရွက် စိုက်ဧက ၁၄၃၆၅ ဧက ဆောင်းရဦသီတွင် စိုက်ပျိုးပြီး မအူပင်မြို့နယ်အနေဖြင့် ၁၃၀၂၃ စိုက်ပျိုးပြီးဖြစ်ပြီး ၉၀၅၀ ထွက်ရှိပြီ ဖြစ်ကြောင်း မြို့နယ် စာရင်းများအရ သိရသည်။

27 Jan 2025

          ရွှေဘိုမြို့၊ အမှတ်(၉)ရပ်ကွက်ရှိ အောင်ဇေယျဈေးတွင် ဆိုင်ခန်းပေါင်း (၁၀၀)ကျော်နှင့် ပျံကျဈေးသည်များ၊ သစ်သီးမျိုးစုံ‌ရောင်းချသည့် ဈေးဆိုင်များ၊ ကုန်စုံဆိုင်များ၊ သားငါးဆိုင် များအပြင် အခြားမြို့သို့ တင်ပို့ရောင်းချသည့် သီးနှံလက်ကားဒိုင်များဖြင့် နေ့စဉ် နံနက် (၆)နာရီမှ နေ့လည် (၂)နာရီထိ ပိတ်ရက်မရှိ ရောင်းဝယ်ဖောက်ကားလျက်ရှိပါသည်။

Pages