ကုန်သွယ်မှုသတင်းများ
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံမျိုးစုံရောင်းဝယ်ရေး ဈေးကွက်တွင် ဆီထွက်သီးနှံမြေပဲများ နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိရာ စိုက်ပျိုးမှုများသော ပခုက္ကူ၊ မြိုင်၊ ပေါက်၊ ရေစကြို၊ ဆိပ်ဖြူ၊ ယောနယ်ဒေသများနှင့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာများ မှထွက်ရှိသော မိုးမြေပဲ အတောင့်အဆံများ ပခုက္ကူဈေးကွက်သို့ ဝင်ရောက် အရောင်းအဝယ်ဖြစ်နေ ကြောင်း၊ ယခုအချိန်တွင် ဂန့်ဂေါခရိုင်အတွင်းရှိ ယောနယ်ဒေသများမှ (၄)လပင်ပြန့်မြေပဲများ လှိုင်လှိ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ရှိ ပဲမျိုးစုံအရောင်းအဝယ်ဈေးကွက်သို့ ဆီထွက်သီးနှံများဖြစ်သော မြေပဲ၊ နှမ်းနှင့် ပဲမျိုးစုံ အရောင်းအဝယ်ဖြစ်လျက်ရှိရာ ပြည်တွင်းစားသုံးမှု မြင့်မားလျက်ရှိသော ကုလားပဲသီးနှံလည်း နေ့စဉ်ဈေးကွက်သို့ဝင်ရောက်၍ အရောင်းအဝယ်ဖြစ်လျက် ရှိပါသည်။ ပခုက္ကူဈေးကွက်သို့ ကုလားပဲသီးနှံစိုက်ပျိုးရာဒေသများဖြစ်သော ပခုက္ကူမြို့နယ်အတွင်းရှိ ကျေးရွာများ၊ မြစ်ခြေ၊ ကမ္မ၊ မြိုင်၊ ရေစကြိုမြို့နယ်တွင်းရှိ ကျေးရွာများမှ အများဆုံးဝင်ရောက် လျက်ရှိကြောင်းသ

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်ရှိ ဒေသခံတောင်သူများသည် စိုက်ပျိုး ရေးလုပ်ငန်းဖြင့် နှစ်စဉ် စီးပွားဖြစ်လုပ်ကိုင်ကြပြီး ဆန်စပါး၊ ဆီထွက်သီးနှံ မြေပဲ၊ နှမ်း၊ နေကြာ၊ ကြက်သွန်ဖြူနှင့် စားတော်ပဲ၊ ပဲပုတ်၊ ထောပတ်ပဲတို့ကို ရာသီအလိုက် စိုက်ပျိုးကြပြီး အဓိကသီးနှံအဖြစ် ဆီထွက်သီးနှံမြေပဲကို ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် မိုး၊ ဆောင်း နှစ်ရာသီစိုက်ပျိုးလျက်ရှိပါသည်။ ရေမြေရာသီဥတုကောင်းမွန်၍ ဒေသစိုက်ပျိုးရေးလုပ်ငန်းများလည်း အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတကုန်စည်ဒိုင်တွင် ၂၀၂၄-၂၀၂၅ ခုနှစ်ထွက် ဆောင်းသီးနှံ ပဲမျိုးစုံများလည်း အနည်းငယ်စီ ထွက်ရှိလာပြီဖြစ်သဖြင့် မတ်ပဲ ၊ ပဲတီစိမ်းဆီပြောင်၊ ပဲတီစိမ်းအနီ ၊ ပဲယင်းနီ ၊ ပဲပုတ်ဆီတိုး ၊ ပဲလွန်းဖြူ ၊ ပဲလွန်းနီ အစရှိသောပဲများကို အရောင်းအဝယ်ပြုလုပ်နေကြကြောင်း သိရှိရပါသည်။ ယခုတစ်ပတ်မတ်ပဲဈေးမှာ ပိဿာ(၂၀)တစ်တင်းကို (၁၀၂၅၀၀) ကျပ် ၊ ပဲယင်းနီဈေးမှာ ပိဿာ(၂၀)တစ်တင်းကို (၈၄၀၀၀)ကျပ်၊ ပဲတီစိမ်းဆီ ပြောင်ဈေးမှာပိဿာ (၂၀)တစ်တင်းကို (၁၁၀၀၀၀)ကျပ် ၊ ပဲ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် ဝါတော ကျေးရွာများတွင် သင်္ဘောပင်ကို စိုက်ပျိုးကြောင်း သိရသည်။ မအူပင်ခရိုင်တွင် သင်္ဘောပင်ကို မွေးမြူရေး ငါးကန် ပတ်ချာ လည်များတွင် ငါးကန်အကာ အနေဖြင့် လည်းကောင်း၊ အုန်းခြံများတွင် ကြားညှပ် သီးနှံအဖြစ် စိုက်ပျိုးနေကြောင်း တွေ့ရှိရသည်။ ယခု သင်္ဘောပင် ၁ဧကသာ စိုက်ပျိုးထားပြီး မအူပင်ခရိုင်အနေဖြင့် သင်္ဘောစိုက်ဧက ၁၅ ခန့် ရှိကြောင်း သိရသည်။
