ကုန်သွယ်မှုသတင်းများ
မုန်လာဥဖြူသည် ရှမ်းပြည်နယ်၊ မြစ်ဝကျွန်းပေါ်ဒေသများ၊ ရန်ကုန်တိုင်းဒေသကြီးနှင့် တနင်္သာရီ တိုင်းဒေသကြီးတို့တွင် အများအပြားစိုက်ပျိုးကြပြီး ပုံစံအာဖြင့် ဥဖြူနှင့် ဥနီဟူ၍နှစ်မျိုးရှိသည်။ရာသီ ပေါ်သီးနှံဖြစ်သည့် မုန်လာဥဖြူသည် ချဥ်ရည်ဟင်း စသည်ဖြင့် အမျိုးမျိုး ချက်ပြုတ်စားသောက်ရ သော အသီးနှံဖြစ်ပါသည်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ၊ ၁၄ ရက်နေ့၊ နံနက်(၁၁း၃၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိနှင့်ဝန်ထမ်းများသည် ထားဝယ်မြို့ပေါ်ရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များသို့ သွား ရောက်၍ ဘိလပ်မြေစျေးနှုန်း၊ စျေးကွက်အခြေအနေများအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ၊ ၁၄ ရက်နေ့၊ နံနက်(၁၀း၄၅)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိနှင့်ဝန်ထမ်းများသည် ထားဝယ်မြို့ပေါ်ရှိ ငါးဒိုင်များသို့သွားရောက်၍ ရေချို/ရေငံ ငါး များ၏ စျေးနှုန်းစျေးကွက် အခြေအနေများအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါ သည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းများဖြစ်သည့် စပါး၊ပဲမျိုးစုံနှင့် ဆီထွက်သီးနှံတို့ကို အဓိကစိုက်ပျိုးသည့်အပြင် ရာသီစာသီးနှံများနှင့် စားဖိုဆောင်သီးနှံများကိုလည်း စိုက်ပျိုးကြသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် သစ်သီးမျိုးစုံဖြစ်သည့် နာနတ်သီး၊ နဂါးမောက်သီး၊ သရက်သီး၊ ငှက်ပျောသီး၊ လိမ္မော်သီး၊ စပျစ်သီး၊ သခွားမွှေးသီး၊ ပန်းသီး၊ ပန်းသစ်တော်သီး၊ ဇီးချိုသီး၊ ပဲစိမ်းစားဥ နှင့် ဖရဲသီးများကို မန္တလေးမြို့မှ မှာယူရောင်းချလျက်ရှိ ကြောင်းသိရသည်။
