Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
21 Jan 2025

           စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ရှိ မြို့မဈေးနှင့် အသီးမျိုးစုံရောင်း ချနေသည့်ဆိုင်များတွင် နှင်းသီး(ခေါ်)လောင်ကန်သီများကို လှိုင်လှိုင်ရောင်းချနေကြောင်း သိရသည်။ နှင်းသီး(ခေါ်)လောင်ကန်သီးများကို  စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့မှဝယ်ယူ ရောင်းချလျက်ရှိ‌ကြောင်း သိရသည်။

21 Jan 2025

           တနင်္သာရီတိုင်းဒေသကြီးသည် ကွမ်းသီးပင်များ၊ ရာဘာပင်များ အများဆုံးစိုက်ပျိုးသော တိုင်းဒေသကြီးဖြစ်ပါသည်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ပထမပတ်အတွင်း ကွမ်းသီးတင်ပို့မှုမှာ ထားဝယ်ခရိုင်မှ (၃၄၈၄၇၀)ပိဿာ တန်အားဖြင့်(၅၆၉.၀၃၃)ရှိပြီး၊ မြိတ်ခရိုင်မှ (၄၉၉၁၀၀) ပိဿာ တန်အားဖြင့်(၈၁၅.၀၀၄)ရှိပြီး၊ ကော့သောင်းခရိုင်မှ(၁၄၉၁၀၀)ပိဿာ တန်အားဖြင့်(၂၄၃.၄၇၂) တင်ပို့ကြောင်း သိရပါသည်။

21 Jan 2025

          ထားဝယ်မြို့တွင် စားဖိုးဆောင်သီးနှံဖြစ်သော ငရုတ်သီးကို ဒေသတွင်း လက်လီ/ လက်ကား သမား များဖြင့်သာ အ‌ရောင်းအဝယ်ပုံမှန်ဖြစ်လျက်ရှိပါသည်။ ငရုတ်သီးခြောက်ကို ထားဝယ်မြို့ရှိ ပွဲရုံများမှ တစ်ဆင့် စျေးများ၊ ကုန်စုံဆိုင်များ၊ ကျေးရွာများသို့ လက်လီ/လက်ကားရောင်းချကြောင်း သိရှိရပါသည်။ စားဖိုဆောင်သီးနှံဖြစ်သည့် ငရုတ်သီးခြောက်ကို ရန်ကုန်ပွဲရုံများမှ တစ်ဆင့်သယ်  ယူရောင်းချလျက်ရှိပါသည်။

21 Jan 2025

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ပေါ်တွင် စီပီ(CP)ကြက်သားစျေးနှုန်းများ အနည်း ငယ်ကျဆင်းလာသဖြင့် အိမ်ရှင်မများအဆင်ပြေလျက် ရှိကြောင်းသိရှိရပါသည်။ ဗမာကြက်နှင့်စီပီ ကြက်သား ဆိုပြီး နှစ်မျိုး ရောင်းချလျက်ရှိရာ စီပီကြက်သားကိုသာ စားသုံးမှုပိုမိုများပြားပါသည်။ စီပီကြက်သည် အသားများခြင်း၊ ဗမာကြက်သားစျေးထက် စျေးချိုခြင်းတို့ကြောင်း စားသုံးသူများပါ သည်။

21 Jan 2025

ထားဝယ်စျေးကွက်တွင် ယခုပတ်အတွင်း ကြက်သွန်နီစျေးနှုန်းမြင့်တက်နေကြောင်း ပွဲရုံနှင့် အိမ်ရှင်များထံမှ သိရှိရပါသည်။ ကြက်သွန်နီစျေးမှာ ပြီးခဲ့သည့်လပိုင်းက ၁၀ပိဿာဝင်တစ်အိတ် လျှင်အများဆုံးကျပ် ၂၉၀၀၀ကျော်အထိသာရှိသော်လည်း ယနေ့ထားဝယ်စျေးကွက်တွင် လေး သောင်းကျပ်အထိ ရောင်းချနေကြကြောင်း လောင်းလုံးမြို့နယ်မှ အိမ်ရှင်မတစ်ဦးထံမှ သိရှိရ ပါသည်။ ကြက်သွန်နီစျေးသည် ထားဝယ်မြို့တွင် တရိပ်ရိပ်တက်လာကြောင်း စားသုံး ကုန်စည်ရောင်းချသူ များထံမှ သိရှိရပါသည်။ ပြီးခဲ့သည့်နှစ် ကထိန်ရာသီဖြစ်သည့်အောက်တိုဘာလ တ

Pages