Main menu

ပခုက္ကူဈေးကွက်တွင် မန်ကျည်းမှည့် ဈေးအနည်းငယ်ပြန်လည်မြင့်တက်

Powered by Drupal

          မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ပေါ်တွင် မန်ကျည်းသီးမှည့်များ ဝင်ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး အဓိကအားဖြင့် ယောနယ်ဒေသများနှင့် ကျောက်ပန်းတောင်းမြို့၊ ဆိပ်ဖြူမြို့၊ မြိုင်၊ ကမ္မနှင့် မြစ်ခြေမြို့များမှထွက်ရှိ၍ နေ့စဉ်ဝင်ရောက် အရောင်းအဝယ်ဖြစ် လျက်ရှိပါသည်။

          ၂၀၂၅ခုနှစ်၊ ဧပြီလ(စတုတ္ထပတ်)တွင် မန်ကျည်းသီးမှည့်များ ဈေးတက်ပြီး အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ မန်ကျည်းသီးမှည့်အစေ့ပါ လက်ကားတစ်ပိဿာလျှင် ကျပ်(၃၅၂၅)၊ မန်ကျည်း မှည့် အစေ့လွတ်တစ်ပိဿာလျှင် လက်ကားဈေး ကျပ်(၇၅၀၀-၈၅၀၀)၊ လက်လီဈေး ကျပ်(၁၁၀၀၀) ဖြင့် အရောင်းအဝယ်ဖြစ်ပြီး ဧပြီလ(ပထမပတ်)နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက တစ်လအတွင်း မန်ကျည်းမှည့်အသား တစ်ပိဿာလျှင် ကျပ်(၁၀၀၀)၊ အစေ့ပါတစ်ပိဿာလျှင် ကျပ်(၅၀၀)ခန့်ဈေးတက်ပြီး အရောင်းအဝယ်ဖြစ်ကြောင်း ဈေးကွက်မှ သိရှိရသည်။

          မန်ကျည်းသားများကို ပခုက္ကူမြို့ပေါ်ရှိ စားသောက်ကုန်လုပ်ငန်းရှင် လှောင်လက်သမားများမှ ကုန်ဝင်မှုရှိသော်လည်း ဝယ်ယူထားရှိပြီး ပြန်လည်ရောင်းချကြကြောင်း၊ အကြော်ဆိုင်၊ အကင်ဆိုင်များမှ မန်ကျည်းသီးအချဉ်ရည်များ ပြုလုပ်ရန်အတွက် ဝယ်ယူခြင်း၊ မန်ကျည်းဖျော်ရည် လုပ်ငန်းများနှင့် မန်ကျည်းတော်ဖီ လုပ်ငန်းရှင်များမှလည်းအများ အပြားဝယ်ယူသည့်အပြင် ရန်ကုန်မြို့နှင့်မန္တလေးမြို့များသို့လည်း တင်ပို့လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မ‌ကွေး)