ကုန်သွယ်မှုသတင်းများ
ကုန်းကန်ဇွန်းဥထွက်ရှိရာဒေသများဖြစ်ကြသည့် တောင်ကြီး၊ ပင်းတယ၊ ကလော၊ အောင်ပန်းနယ်များမှ ထွက်ရှိသည့်ကန်ဇွန်းဥနှစ်မျိုးရှိသည်။ ရွှေနီကန်ဇွန်းဥနှင့် ခရမ်းရောင်ကန်ဇွန်းဥတို့ဖြစ်ပြီး ရေကန်ဇွန်းဥခေါ် ယာကွန်ဥမှာ အအေးပိုင်းဒေသများဖြစ်သည့် တောင်ကြီးမြို့နှင့် မိုးကုတ်မြို့တို့မှ အများဆုံးထွက်ရှိကြောင်းသိရှိရသည်။ ကန်ဇွန်းဥများကို မန္တလေးပွဲရုံများမှတစ်ဆင့် အနယ်နယ် အရပ်ရပ် ဈေးကလေးမြို့သို့ ဝယ်ယူရောင်းချကြသည်။ ကုန်းကန်ဇွန်းဥကို ပြုတ်၍သော်လည်းကောင်း၊ ဖုတ်၍သော်လည်းကောင်း၊ ကန

နေကြာကို သီးသန့််၊သီးညှပ်(၂)မျိုးစိုက်ပျိုးနိုင််သည်။ လယ်မြေများတွင် စပါးရိတ်သိမ်း အပြီး တွင် စိုက်ပျိုးကြသလို၊ ယာမြေများတွင် မိုးသီနှံရိတ်သိမ်းပြီးချိန််များတွင် စိုက်ပျိုးကြသည်။ မိတ္ထီလာခရိုင် တွင် နေကြာကို မိုးရာသီနှင့်ဆောင်းရာသီမျာတွင် စိုက်ပျိုးကြသည်။ မိုး(နေကြာ)ကို (၃၇၄၇)ဧက စိုက်ပျိုးကြောင်း ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရှိရပါသည်။ နေကြာကို အကောင်းဆုံးစိုက်ပျိုးချိန်မှာ စက်တင်ဘာလ/ အောက်တိုဘာလဖြစ်သော်လည်း မြေအစိုဓာတ်လုံလောက်စွာရှိပါက နိုဝင

မိတ္ထီလာမြို့ရှိ ဘဲကန်ဈေး(သို့)(၈)နာရီလက်ကား ဟင်းသီးဟင်းရွက်ဈေးသည် မိတ္ထီလာခရိုင် အတွင်းရှိ မြို့နယ်များနှင့် မိတ္ထီလာမြို့ရှိ ကုန်စိမ်းရောင်းချသူများ တဆင့်ပြန်လည်ရောင်းချရန် ဝယ်ယူကြသည့်ဈေးဖြစ်ပါသည်။ ဘဲကန်ဈေး(သို့)(၈)နာရီဈေးတွင် မိတ္ထီလာမြို့နယ်ရှိ ဟင်းသီးဟင်းရွက် စိုက်ပျိုးသော ဆည်ကုန်း၊ ချမ်းသာကြီး၊ ကြက်မောက် ရွာတို့မှ လာရောက်ရောင်းချကြပြီး အခြားဒေသများ ဖြစ်သည့် တပ်ကုန်း၊ အောင်ပန်း၊ ပြင်ဦးလွင်မြို့များမှ ဝင်ရောက်သည့် ဟင်းသီးဟင်းရွက်များကိုလည်း ရောင်းဝယ်ဖောက်ကာ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၊ မိတ္ထီလာကုန်စည်ဒိုင်တွင် ဆီထွက်သီးနှံများ၊ ပဲမျိုးစုံ သီးနှံများ၊ ဝါသီးနှံများ၊ စားဖိုဆောင်သီးနှံများ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ မိတ္ထီလာကုန်စည် ဒိုင်၌ ယခု ဇန်နဝါရီလအတွင်းဖြစ်ပေါ်နေသော ဆီထွက်သီးနှံဈေးနှုန်းများမှာ နှမ်း (ညို) တစ်တင်းလျှင် (၉၈၀၀၀-၁၀၀၀၀၀) ကျပ်၊ နှမ်းဖြူတစ်တင်းလျှင် (၁၁၅၀၀၀) ကျပ်၊ နေကြာစေ့ တစ်ပိဿာလျှင် (၆၀၀၀) ကျပ်၊ နှမ်းဆီတစ်ပိဿာလျှင် (၁၆၀၀၀) ကျပ်၊ မြေပဲဆီ တစ်ပိဿာလျှင် (၁၅၀၀၀-၁၆၀၀၀)ကျပ်၊နေက

မိတ္ထီလာမြို့ဈေးကွက်တွင် ဒေသတွင်းထွက်ရှိသော ဗမာခရမ်းချဉ်သီး၊ ထိုင်ဝမ်သီး ခရမ်းချဉ်သီးနှင့် ရှမ်းပြည်နယ်အောင်ပန်းဘက်မှလာသော ရှမ်းသီးများ ရောင်းဝယ်ဖောက်ကား လျက်ရှိပါသည်။ မိတ္ထီလာမြို့နယ်တွင် ခရမ်းချဉ်သီးကို ရွာကန်၊ဂွေ့အိုင်၊ရွာသစ်၊မကျီးကုန်း၊ ကျောက်ဖူး၊ မယ်ဇလီကုန်း၊ ကံတောင်၊ကျေးရွာများတွင် မိသားစုအပိုဝင်ငွေ ရရှိအောင် တစ်နိုင်တစ်ပိုင် စိုက်ပျိုး ရောင်းချကြရာ ယခုအခါ ဈေးကွက်အတွင်း ခရမ်းချဉ် သီးဈေးကောင်းရ၍ ခရမ်းချဉ်သီး (ပြည်ပ) မျိုးများကို တစ်နှစ်သုံးကြိမ် စိုက်ပျိုး ကြ
