ကုန်သွယ်မှုသတင်းများ
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် နှစ်စဉ် ကိုင်းကျွန်း မြေနှင့် ကုန်းတွင်းပိုင်းမြေမာများတွင် မိုးကြက်သွန်နီ(ဥစိုက်) ဧက(၉၀၀)ခန့်ဒေသစီးပွားဖြစ် နှစ်စဉ် စိုက်ပျိုးကြကြောင်း၊ ယခင်နှစ်က ကြက်သွန်နီဈေးကွက်ခိုင်မာပြီး ဈေးကောင်းရရှိခြင်းကြောင့် ယခု နှစ်တွင် စိုက်ဧက(၁၀၀၀)ခန့်ထိ တိုးချဲ့စိုက်ပျိုးကြောင်း၊ စိုက်ပျိုးမှုအနေဖြင့် အောက်တိုဘာလဆန်းမှ နိုဝင်ဘာလကုန်ထိ စိုက်ပျိုးကြပြီး ဒီဇင်ဘာလလယ်မှ ဇန်နဝါရီလကုန်ထိ တူးဖော်ရိတ်သိမ်းရကြောင်း၊ ယခုနှစ်တွင်

ကရင်ပြည်နယ်၊ ဘားအံမြို့အနီးတဝိုက်ကျေးရွာများရှိ ဒေသခံတောင်သူများသည်ရာသီစာ သီးနှံများကို မိသားစုအပိုဝင်ငွေရရှိရန်နှင့် စီးပွားဖြစ်ပါစိုက်ပျိုးကြသည်။ ထိုသို့စိုက်ပျိုးရာတွင် ရာသီစာမဟုတ်ပဲ ကုန်ကျစရိတ်နည်းပြီးအထွက်နှုန်းကောင်းကာ တစ်နှစ်ပတ်လုံး စိုက်ပျိုးထွက်ရှိသည့် ပဲတောင့်ရှည်သီး သီးနှံကိုလည်း စိုက်ပျိုးကြသည်။ ဒေသခံတောင်သူများသည် မိမိတို့၏စိုက်ခင်းမှထွက်ရှိသော ပဲတောင့်ရှည်သီးများကို ဘားအံမြို့ပေါ်ဈေးများတို့ လက်ကား/ လက်လီ လာရောက်ရောင်းချကြပါသည်။ ဘားအံမြို့ရေပေါ်ဈေး

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ် တာဝန်ခံသည် (၈.၁.၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ချောက်မြို့ပေါ်ရှိ အိမ်ဆောက်ပစ္စည်း ရောင်းချသည့်ဆိုင်များတွင် ဘိလပ်မြေရောင်းချမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရ သည်။

မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့နယ်၊ ဥယျာဉ်၊ ရွာတော်၊ ပန်းတော်ပြင်၊ ညောင်ပင် သာစသည့်ကျေးရွာများသည် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ မုန်လာဥဖြူနှင့် ပဲတောင့်ရှည်သီးနှံများ သည် ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ(ပထမပတ်)တွင် လှိုင်လှိုင်ထွက်ပေါ်လျက်ရှိကြောင်း သိရသည်။
ကရင်ပြည်နယ်၊ ဘားအံမြို့ရှိကျေးရွာများတွင် ဒေသခံတောင်သူများသည် ဒန့်သလွန်သီးပင်များကို စားသုံးသီးနှံအဖြစ် အိမ်ခြံဝန်းထဲတွင် တနိုင်စိုက်ပျိုးထားကြသည်။ ဒန့်သလွန်သီးများကို ဒေသခံတောင်သူများမှ အပိုဝင်ငွေရရှိရန်အတွက် ဘားအံမြို့ပေါ်ဈေးများတို့ လာရောက်ရောင်းချကြသည်။ ဒန့်သလွန်သီးကို ငါးရံ၊ ငါးခြောက်တို့နှင့် ချက်စားနိုင်သလို ဟင်းရောဟင်းချက်ရာတွင်လည်း ထဲ့ချက်စားသုံးကြသည်။ ဒန့်သလွန်ပင်သည် ပစ်စရာမရှိအောင်တစ်ပင်လုံး လူတို့၏ကျန်းမာရေးကို ကောင်း ကျိုးပြုသည့်အတွက် စားသုံးသင့်သော
