
ကနေဒါနိုင်ငံသည် တောင်ပိုင်း အိမ်နီးချင်းနိုင်ငံများ ၏ ကိုယ်ပိုင်အခွန် စည်းကြပ်မှု များအား လက်တုန့်ပြန်သည့်အနေဖြင့် အမေရိကန်-မက်စီကို-ကနေဒါ သဘောတူညီချက်ကို မဆန့်ကျင်ဘဲ အမေရိကန်နိုင်ငံ ၏ ကားတင်သွင်းမှုအပေါ် အခွန် ၂၅ ရာခိုင်နှုန်း ကောက်ခံ သွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် Mark Carney ကပြောကြားခဲ့ပါသည်။ အဆိုပါ အခွန်စည်းကြပ်မှုသည် ကနေဒါနိုင်ငံ ဘဏ္ဍာရေးဌာနမှ သတင်းထုတ်ပြန်ချက်အရ ဧပြီလ ၉ ရက်နေ့တွင် စတင် အသက်ဝင်ခဲ့ကြောင်း နှင့် အဆိုပါ အမေရိကန်နိုင်ငံ တင်ပို့ကုန်များထံမှ အကောက်ခွန်တင်းကြပ်မှုစာရင်းတွင် ခရီးသည်တင်ယာဥ်များ နှင့် အသေးစားကုန်တင်ယာဥ်များ ပါဝင်ကြောင်း သိရပါသည်။ အမေရိကန်နိုင်ငံသည် ဧပြီလ ၁၀ ရက်နေ့တွင် မော်တော်ယာဥ် တင်သွင်းမှုများမှ အခွန် ၂၅ရာခိုင်နှုန်းကောက်ခံမည့်အပြင် မော်တော်ယာဥ် အစိတ်အပိုင်းများ တွင်လည်း မေလ ၃ ရက်နေ့တွင် စတင် ကောက်ခံမည်ဖြစ်ကြောင်း သိရပါသည်။ သို့သော် USMCA နှင့်ကိုက်ညီသော အမေရိကန်သို့ ကားတင်သွင်းမှုများကို အခွန်ကောက်ခံသွားမည် မဟုတ် ကြောင်း သိရပါသည်။ Carney က ဧပြီလ ၁၀ ရက်နေ့ သတင်းစာ ရှင်းလင်းပွဲတွင် ၎င်းတို့အနေဖြင့် USMCA စံနှုန်းများ နှင့်ကိုက်ညီသော်လည်း ကနေဒါမှ မဟုတ်သော ပါဝင်ပစ္စည်းများပါဝင်နေသည့် အမေရိကန်မှတင်သွင်းသောမော်တော်ယာဥ်များအား ၂၅ ရာခိုင်နှုန်း အခွန်ကောက်ခံသွားမည် ဖြစ်ကြောင်း နှင့် အဆိုပါအခွန်ကောက်ခံခြင်းသည် အမေရိကန်နိုင်ငံမှ တင်သွင်းသော မော်တော်ယာဥ် အစိတ်အပိုင်းများနှင့် မက်ဆီကို တင်သွင်းသော မော်တော်ယာဥ် ပါဝင် ပစ္စည်းများပေါ်တွင် သက်ရောက်မည် မဟုတ်ကြောင်း ပြောကြားခဲ့ပါသည်။
Supplychaindive
DOCA(ရန်ကုန်)