Main menu

ကမ္ဘောဒီးယားသည် ပထမသုံးလပတ်တွင် ဆန်တင်ပို့မှုမှ ကန်ဒေါ်လာ ၁၆၀.၅ သန်း ရရှိ

Powered by Drupal

 ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၅ ခုနှစ် ပထမသုံးလပတ်တွင် ဆန် ၂၁၁,၀၅၈ တန် တင်ပို့ ခဲ့ပြီး စုစုပေါင်း၀င်ငွေ ကန်ဒေါ်လာ ၁၆၀.၅ သန်း ရရှိခဲ့ကြောင်း ကမ္ဘောဒီးယား ဆန်စပါးအသင်း ချုပ် (CRF) က ဧပြီ ၁၁ ရက် သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ မတ်လအတွင်း နိုင်ငံနှင့်ဒေသ ၅၅ ခုသို့ နိုင်ငံတော်၏ ဆန်စပါး ကုမ္ပဏီ ၄၇ ခုမှ တင်ပို့ခဲ့ကြပြီး တရုတ်နိုင်ငံသည် အဓိက ဝယ်ယူသူများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိ နေကြောင်း CRF က ထုတ်ပြန်ခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံသည် ယခုနှစ် ပထမသုံးလပတ်တွင် တရုတ်နိုင်ငံသို့ ဆန် ၃၇,၈၂၁ တန် တင်ပို့ခဲ့ပြီး ဝင်ငွေဒေါ်လာ ၂၂.၆ သန်း ရရှိခဲ့ကြောင်း သတင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ ဆန်တင်ပို့မှု၏ ၈၁.၃၈ ရာခိုင်နှုန်းသည် ဆန်မွှေး၊ ၁၃.၆ ရာခိုင်နှုန်းသည် ဆန်ဖြူ၊ ၂.၆ ရာခိုင်နှုန်းသည် Japonica ဆန်၊ ၁.၉၃ ရာခိုင်နှုန်းနှင့် အော်ဂဲနစ် ဆန် ၀.၄၉ ရာခိုင်နှုန်းဖြစ်ကြောင်း CRF အထွေထွေ အတွင်းရေးမှူး Lun Yeng က ပြောသည်။ ကမ္ဘောဒီးယား စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်း ဝန်ကြီးဌာန၏ လက်ထောက်အတွင်းဝန် Im Rachna က တရုတ်နိုင်ငံသည် ကမ္ဘောဒီးယား လယ်ယာထွက်ကုန်များအတွက် အဓိက စျေးကွက်တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။ တရုတ်နှင့် တခြားမိတ်ဖက်နိုင်ငံများက နိုင်ငံတော်၏ လယ်ယာထွက်ကုန်များဝယ်ယူမှုမှ ကမ္ဘောဒီးယား၏ စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှု ကို သိသိသာသာ အထောက်အကူဖြစ်စေပြီး ပြည်သူများ အထူးသဖြင့် တောင်သူလယ်သမားများ အတွက် အကျိုးကျေးဇူးများစွာ ရရှိစေနိုင်ကြောင်း Im Rachna က ပြောကြားခဲ့သည်။

Source: Khmer Times

DOCA(ရန်ကုန်)