Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
17 Jan 2025

          ၈.၁.၂၀၂၅ ရက်နေ့ နံနက် (၁၀:၃၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာ ဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်တာဝန်ခံ ဦးအောင်ညီညီခန့်နှင့် ဝန်ထမ်းများ သည် မော်လမြိုင်မြို့ပေါ်ရှိဘိလပ်မြေအရောင်းဆိုင်များသို့ သွားရောက်၍ ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရှိရပါသည်။

17 Jan 2025

         ဝဥ သည် မွန်ပြည်နယ်၊ ရေးမြို့နယ်၏ One Region One Product -OROP ထုတ်ကုန် တစ်ခုဖြစ်သည်။ မွန်ပြည်နယ်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် (စက်တင်ဘာလကုန်ထိ) ဝဥစိုက်ဧက (၈၄၄) ဧကရှိပြီး ပိဿာချိန် (၁၀၃၁၇၅၂) ထွက်ရှိကြောင်းသိရှိရသည်။

17 Jan 2025

        ပြည်မြို့နယ်တွင် ငရုတ်ပင်ကို နေရာအနှံအပြားတွင်စိုက်ပျိုးကြသလို တစ်နှစ်ပတ်လုံးလည်း ထွက်ရှိပါသည်။ နေရာဒေသကိုလိုက်၍ ငရုတ်သီးထွက်ပေါ်ချိန်နှင့် အထွက်နှုန်းသာကွာခြားပါသည်။ ပြည်ခရိုင်အနေဖြင့် ငရုတ်စိုကိုဦးစားပေး၍ စိုက်ပျိုးကြသဖြင့် မိုးငရုတ်သီးစိမ်းစိုက်ဧကမှာ (၆၇၅) ဧကရှိပြီး အထွက်းနှုန်းမှာ ပျမ်းမျှ ပိဿာ ၁၃၀၀ကျော်ထွက်ရှိကြောင်း သိရပါသည်။ ယခုအချိန်တွင် ဆောင်းငရုတ်စိုများစိုက်ပျိုးလျှက်ရှိပြီး စိုက်ဧကမှာ (၁၀၃)ဧကရှိစိုက်ပျိုးထားကြောင်း သိရှိရပါ သည်။ ငရုတ်စိုကို စိုက်ပျိုးပြီ

17 Jan 2025

           ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ မီးလောင်အုပ်စု၊ မီးလောင်ကျေးရွာတွင် သကြားပြောင်းများကို စိုက်ပျိုးကြပါသည်။ ထိုမှထွက်ရှိသော သကြားပြောင်းများကို ပြည်မြို့ရှိဈေးကွက်များတွင် လာရောက်ရောင်းချကြပါသည်။ သကြားပြောင်းများကို လူအများက သရေစာအဖြစ်စားသုံးကြခြင်း၊ ဟင်းချက်၍ စားသုံးကြသဖြင့် စားသုံးသူများကြိုက်နှစ်သက်သော ပြောင်းဖူးမျိုးဖြစ်ပြီး ပြောင်းဖူးစိုက်တောင်သူများအနေဖြင့် အကျိုးအမြတ်များရရှိကြသဖြင့် ပိုမိုစိုက်ပျိုးလာကြပါသည်။ ထွက်ရှိလာသည့်ပြောင်းဖူးများကို တစ်ဆင့်ပြန်လည်ရော

17 Jan 2025

           ပြည်ခရိုင်၊ ပြည်မြို့အတွင်းရှိ စည်ပင်သာယာဈေးကြီးများနှင့် ရပ်ကွက်ဈေးများတွင် ကန်စွန်းဥများ ရောင်းချလျက်ရှိပါသည်။ ဈေးကွက်အတွင်းရောင်းချနေသော ကန်စွန်းဥအမျိုးအစားမှာ မြန်မာကန်စွန်းဥနှင့် ကိုးရီးယားကန်စွန်းဥဟူ၍ အမျိုးအစား(၂)မျိုးရှိပါသည်။ ရောင်းချနေသော ကန်စွန်းဥဈေးများမှာ မြန်မာကန်စွန်းဥ တစ်ပိဿာလျှင် (၂၅၀၀-၃၀၀၀)ကျပ်နှင့် ကိုးရီးယား ကန်စွန်းဥတစ် ပိဿာလျှင် (၃၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိပါသည်။ ကိုးရီးယားကန်စွန်းဥမှာ မြန်မာကန်စွန်းဥထက် အရသာပိုချိုပြီး အလုံးအရွယ်အစားမှာလ

Pages