စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသလို စားသုံးသူများ နေ့စဉ်ဝယ်ယူသုံးစွဲလျက်ရှိသည့် အခြေခံစားသောက်ကုန် များ၏ ဈေးနှုန်း၊ဈေးကွက်အခြေအနေများကို လေ့လာ၍ အပတ်စဉ်၊ လစဉ် အထက်အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယခုအခါ ကန့်ဘလူခရိုင်အတွင်း ရောင်းချလျက်ရှိသည့် ငါးများကို ကန့်ဘလူမြို့ရှိ လက်လီ/ လက္ကားကုန်သည်များနှင့် ကျွန်းလှမြို့နယ်အတွင်းမှ ဝင်ရောက်လျက် ရှိကြောင်း၊ ၂၀၂၅ ခုနှစ် ၊ ဧပြီလ စတုတ္ထပတ်အတွင်း ကန့်ဘလူခရိုင်အတွင်းရောင်းချနေသော ငါးဈေးနှုန်းများမှာ ငါးကြင်းခုတ် သား(၁)ပိဿာလျှင် ၂၄၀၀၀ကျပ်၊ ငါးကြင်းအကောင်(၁) ပိဿာလျှင် ၁၆၀၀၀ကျပ်ဖြင့် ရောင်းချ ကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။
DOCA(စစ်ကိုင်း)