Main menu

တောင်ငူဒေသမှ ရာသီစာ ကနစိုးသီးဈေးနှုန်း

Powered by Drupal

မိုးဦးကျ လေဦးကျပြီဖြစ်သောကြောင့် ကနစိုးသီးအခိုင်လေးများ ပေါများချိန်ရောက်ပြီ ဖြစ်ပါ သည်။ ကနစိုးပင်သည် မိုးများသောဒေသ၌ ပေါက်ရောက်လေ့ရှိပြီး အမြဲစိမ်းပင်မျိုးဖြစ်ပါသည်။ ကန စိုးပင်သည် မြန်မာနိုင်ငံအပြင် အိန္ဒိယနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ လာအိုနိုင်ငံနှင့် မလေးရှားကျွန်းစုတို့၌ ပေါက်ရောက်ပါသည်။ ရှေးမြန်မာတို့သည် ကနစိုးသီးအား မြန်မာစပျစ်သီးဟု ခေါ်ဆိုကြပါသည်။

ကနစိုးသီး၏ အပြင်ခွံအရောင်မှာ ဝါဖန့်ဖန့်လေးဖြစ်ပြီး အတွင်း၌ အဖြူရောင်အမွှာလေးများ ရှိပါသည်။ ကနစိုးသီး၏ အစေ့ကတော့ ပန်းရောင်မကျ ခရမ်းရောင်မကျလေး ဖြစ်ပါသည်။ ကနစိုးသီး တွင် ဗီတာမင်စီ၊ သံဓာတ်၊ ပရိုတင်းဓာတ်၊ ပိုတက်ဆီယမ်ဓာတ်များစွာပါဝင်ပါသည်။ ဗီတာမင်စီ ကြွယ်ဝစွာပါဝင်သောကြောင့် ကိုယ်အလေးချိန်ကိုလည်း ထိန်းသိမ်းပေးပါသည်။ ကနစိုးသီးကို စားသုံးပေးခြင်းဖြင့် ကိုယ်ခံအားကို ကောင်းမွန်စေပြီး မူးဝေခြင်း၊ အော့အန်ခြင်းတို့ကို သက်သာစေပါ သည်။

ကနစိုးသီးများ ပေါများချိန်ရာသီဖြစ်သောကြောင့် တောင်ငူမြို့၊ ညောင်ပင်လေးဈေးထဲတွင် ကနစိုးသီး ၅၀ ကျပ်သားလျှင် ၂,၀၀၀ ကျပ်၊ ၁ ပိဿာလျှင် ၄,၀၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရပါသည်။

DOCA (ပဲခူး)