Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
15 Jan 2025

              ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်တွင် ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံများဖြစ်သော မြေပဲ၊ နှမ်း၊ နေကြာတို့အား စိုက်ပျိုးလျက်ရှိရာ ၂၀၂၄-၂၀၂၅ ခုနှစ်၊ ဆီထွက်သီးနှံ စိုက်ပျိုးရာသီတွင် နေကြာသီးနှံစိုက်ပျိုးရန်အတွက် စိုက်ဧက(၃၅၀၀)လျာထားခဲ့ပါသည်။ ၂၅.၁၂.၂၀၂၄ ရက်နေ့တွင် တိုက်ကြီးမြို့နယ် စိုက်ပျိုးကြီးကြပ်ရေးကော်မတီမှ ဆောင်းနေကြာစိုက်ပျိုးရန်အတွက် မျိုးစေ့များစုဆောင်း၍ စိုက်ပျိုးတောင်သူများသို့ ဖြန့်ဝေပေးခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး အစီအစဉ်ဖြင့် ဖြန့်ဝေမည့်

15 Jan 2025

             အင်းစိန်မြို့နယ်ရှိ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ဇန်နဝါရီလ(၂)ရက်နေ့မှ ဇန်နဝါရီလ(၇)ရက်အတွင်း ညောင်တုန်း၊ မှော်ဘီ၊ သာရဝေါ၊ ညောင်နှစ်ပင်ကျေးရွာ၊ ကြာကန်စုကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊  မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်များ အများဆုံးဝင်ရောက်ရောင်းချနေကြောင်း သိရှိရပါသည်။ ထိုသို့ ဝင်ရောက်ရာတွင် ယခုရက်သတ္တပတ်အတွင်း ခရမ်း

15 Jan 2025

           ဇန်နဝါရီလ ပထမအပတ်တွင် သုံးခွမြို့နယ်၌ အခြေခံစားသောက်ကုန်ဈေးနှုန်းများဖြစ်သော ဆန်ကြမ်း၊ဆန်ချောအမျိုးအစားအလိုက် (ထိပ်စ၊လတ်စ၊နိမ့်စ)များတွင် ဧည့်မထဆန် တစ်ပြည်လျှင် (၃၃၀၀-၃၆၀၀)ကျပ်ထိ၊ ဧရာဝတီပေါ်ဆန်းတစ်ပြည်လျှင် (၅၀၀၀-၆၀၀၀)ကျပ်၊ ကြားပျံတစ်ပြည် လျှင်(၅၀၀၀-၆၀၀၀)ကျပ်ထိလည်းကောင်း၊ စားအုန်းဆီတစ်ပိဿာလျှင် ယခင်အပတ်တွင် (၇၇၅၀)ကျပ် ဖြစ်ပြီး ယခုအပတ်တွင်(၇၇၅၀)ကျပ်ဖြစ်၍ စားအုန်းဆီ ဈေးနှုန်းမှာ ပြောင်းလဲမှုမရှိဘဲ ဈေးနှုန်းတည်ငြိမ်လျှက်ရှိပြီး ပဲဆီတစ်ပိဿာလျှင် (၁၈၀၀၀-၂၀၀၀၀)ကျပ်ဖြင့

15 Jan 2025

          မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်မြို့နယ်တွင် တစ်နိုင်တစ်ပိုင် ဝက်မွေးမြူရေးလုပ်ငန်း များလုပ်ကိုင်လျှက်ရှိပါသည်။ စားသုံးသူရေးရာဦးစီးဌာနမှဝန်ထမ်းများသည် ဝက်မွေးမြူရေးလုပ်ငန်း များအားလုပ်ကိုင်ဆောင်ရွက်လျှက်ရှိသော ကျောက်ဆည်မြို့နယ် ၊ လက်ဝဲစုကျေးရွာမှ ဝက်မွေးမြူ သောဝက်ခြံပိုင်ရှင်နှင့်တွေ့ဆုံ၍ အသားတိုးဝက်မွေးမြူခြင်းဖြင့် ကျေးလက်ဒေသနေပြည်သူများ ပုံမှန် ဝင်ငွေရရှိနေမှုနှင့်ပတ်သက်၍ ကွင်းဆင်းလေ့လာခဲ့ပါသည်။ဝက်မွေးမြူရေးလုပ်ငန်းကို လွန်ခဲသော ၃နှစ်ခန့်မှစ၍မွေးမြူခဲ့ကြောင်း၊ယ

15 Jan 2025

          ကျောက်ဆည်ခရိုင်အတွင်းရှိ မြစ်သားမြို့နယ်တွင် ပဲကြားသီးနှံများစိုက်ပျိုးလျှက်ရှိပါသည်။ မြို့နယ်တွင် ပဲကြားစိုက်ဧက(၄၀၀)ဧကစိုက်ပျိုးထားရှိကြောင်း ၊ ခရိုင်ကြေးတိုင်နှင့်မြေစာရင်းဦးစီး ဌာန၏စာရင်းများအရသိရှိရပါသည်။အများဆုံးစိုက်ပျိုးသောရွာများမှာ မကျီးကန် ၊ တောင်တွင်းနှင့် ညောင်ဝန်ရွာများတွင် အများဆုံးစိုက်ပျိုးကြပါသည်။ပဲကြားစိုက်ပျိုးမှု(၁)ဧကကုန်ကျစရိတ်အနေဖြင့် မျိုး ၊ သွင်းအားစု ၊ လုပ်သားခအပါအဝင် စုစုပေါင်း (၂၀၀၀၀၀)ကျပ်ခန့် ကုန်ကျကြောင်း ၊ အထွက်နှုန်း အနေဖြင့်(၁၂)တင်း

Pages