Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
15 Jan 2025

          ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်၌ ယခုနှစ်ဆောင်းသီးနှံ သီးထပ်စိုက်ပျိုးရာသီတွင် ပဲတီစိမ်းစိုက်ပျိုးခြင်းကို တစ်မြို့နယ်လုံးအတိုင်းအတာအနေဖြင့် ဧက (၁၄၀၃၆၃) စိုက်ပျိုးလျာထားပြီး ဒေသခံ‌တောင်သူများကယခုနှစ် နိုဝင်ဘာလမှ စတင်စိုက်ပျိုးခဲ့ရာလက်ရှိအချိန်ထိ ဧက (၁၃၉၅၇၆) ဖြစ်ထွန်းအောင်မြင်စွာဖြင့် စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။

15 Jan 2025

             ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်၌ ယခုနှစ်ဆောင်းသီးနှံ သီးထပ်စိုက်ပျိုးရာသီတွင် ပဲစိုက်ပျိုးစွမ်းအားတိုးတက်စေရန်နှင့် ပြည်တွင်း၌ စားသုံးမှုဖူလုံစေရေးနှင့် ပြည်ပသို့တင်ပို့နိုင်ရေးအတွက် ပဲတီးစိမ်းစိုက်ပျိုးလျက်ရှိရာ လက်ရှိအချိန်ထိ ဧက(၁၀၄၄၉၄) စိုက်ပျိုးပြီးစီးပြီးဖြစ်ကြောင်းနှင့် ပဲတီစိမ်းအထွက်နှုန်းကောင်းပြီး ပိုမိုစိုက်ပျိုးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ခရမ်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

15 Jan 2025

            ၂၀၂၄ ခုနှစ်အတွင်း ကမ္ဘောဒီးယားနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် အဓိကပို့ကုန် ကုန်စည်များသည် သိသိသာသာမြင့်တက်လာခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံသည် တရုတ်၊ ဗီယက်နမ်နှင့်ထိုင်းနိုင်ငံတို့ကို ဆန်၊ ငှက်ပျောသီး၊ သရက်သီး၊ ပီလောပီနံ၊ သီဟိုဠ်စေ့၊ ပြောင်း၊ ငရုတ်ကောင်းနှင့် ဆေးရွက်ကြီးတို့ကို အဓိကတင်ပို့ခဲ့သည်။ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှနိုဝင်ဘာလ အတွင်း ကမ္ဘောဒီးယားနိုင်ငံသည် စပါးတင်ပို့မှုမှ ကန်ဒေါ်လာ ၁,၂၇၁ သန်းနှင့် ဆန်တင်ပို့မှုမှ ကန်ဒေါ်လာ ၄၃၈ သန်းရရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှ

15 Jan 2025

              ကမ္ဘောဒီးယားနိုင်ငံမှ ဩစတြေးလျနိုင်ငံသို တင်ပို့မှုတန်ဖိုးမှာ ၂၀၂၄ ခုနှစ်၊ ပထမ (၁၁) လ အတွင်း အမေရိကန်ဒေါ်လာသန်း ၄၅၀ နီးပါးရှိပြီး ၂၀၂၃ ခုနှစ်၊ အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၃၆ ရာခိုင်နှုန်းတိုးလာကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန (MoC) မှ ထုတ်ပြန်ခဲ့သောအစီရင်ခံစာအရ သိရသည်။ ကမ္ဘောဒီးယားနှင့်ဩစတြေးလျနှစ်နိုင်ငံအကြား ကုန်သွယ်မှုပမာဏသည် ၂၀၂၄ ခုနှစ်အတွင်း ကန်ဒေါ်လာ ၅၄၇ သန်းအထိရောက်ရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၂၀.၉၅ ရာခိုင်နှုန်းတိုးလာကြောင်း အစီရင်

15 Jan 2025

            ၂၀၂၄ ခုနှစ်တွင် ဗီယက်နမ်၌ လုပ်ငန်း စုစုပေါင်း ၇၆၁၇၉ ခု လုပ်ငန်းလည်ပတ်မှု ပြန်လည်စတင်ခဲ့ကြောင်း စီမံကိန်းနှင့်ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနအောက်ရှိ စီးပွားရေးမှတ်ပုံတင် အေဂျင်စီ၏ အဆိုအရသိရပါသည်။ ပျမ်းမျှအားဖြင့် တစ်လလျှင် လုပ်ငန်း ၆၃၄၈ ခု လည်ပတ်မှု ပြန်လည်စတင်ခြင်းဖြစ်ကြောင်းသိရပါသည်။ ထို့ကြောင့် ၂၀၂၄ ခုနှစ်တွင် ဗီယက်နမ်၌ လုပ်ငန်းသစ်အရေအတွက်နှင့် လုပ်ငန်းလည်ပတ်မှုပြန်လည်စတင်သည့်လုပ်ငန်း အရေအတွက် မှာ ၂၃၃၄၁၉ ခုရှိခဲ့ကြောင်းသိရပါသည်။ လုပ်ငန်းသစ်အရေအတွက် ၁၅၇၂၄၀ ခု တ

Pages