Main menu

ပုသိမ်မြို့ အုန်းသီးဈေးနှုန်း အနည်းငယ်မြင့်တက်

Powered by Drupal

 သင်္ကြန်ကာလနီးလာသည်နှင့်အမျှ မြန်မာ့ရိုးရာအစားအစာများဖြစ်သည့် ရွေရင်အေး၊ မုန့်လက်ဆောင်း၊ မုန့်လုံးရေပေါ်မုန့်များ သင်္ကြန်ကာလအတွင်း လှူဒါန်းဧည့်ခံကျွေးမွှေးရန်  မုန့်များပြုလုပ်ရာတွင် မပါမဖြစ်အမယ်တစ်မျိုးဖြစ်သည့် အုန်းသီးမှာ ပုသိမ်မြို့တွင် ဧပြီလ ပထမပတ်အတွင်း ဝယ်လိုအားများနေပြီး မတ်လထက် ဈေးနှုန်းအနည်းငယ် မြင့်တက် လျက်ရှိပါသည်၊၊

 မြန်မာမု့န်များပြုလုပ်ရန် အသုံးပြုသည့် အုန်းသီး အလုံးအသေးတစ်လုံးလျှင် ၂၅၀၀ကျပ်မှ ယခု ၃၅၀၀ကျပ် ၊ အုန်းသီး အကြီးတစ်လုံးလျှင် ၃၅၀၀ကျပ်မှ ယခု ၅၀၀၀ကျပ် ဈေးနှုန်း အနည်းငယ်မြင့်တက်လျက်ရှိကြောင်း သတင်းရရှိသည်၊၊

DOCA(ဧရာဝတီ)