ကုန်သွယ်မှုသတင်းများ
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်၌ ကြက်သွန်နီ၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲမျိုးစုံနှင့် ကုန်စိမ်းသီးနှံမျိုးစုံကို နှစ်စဉ်ဒေသစီးပွားဖြစ် စိုက်ပျိုးကြပြီး ခရမ်းချဉ်သီးနှံကိုလည်း ဆိပ်ဖြူမြို့နယ် ရွာသစ်၊ ကိုးထောင့်၊ ရေလယ်ကျွန်း၊ ဇလုံ၊ ချင်တောင်၊ အောက်ဆိပ်၊ ပဒေသာကျွန်း၊ မြင်ကဝ၊ ဆူးလေကုန်းကျေးရွာများတွင် မြစ်ရေဝင်ကိုင်းကျွန်းမြေများ၌ အများဆုံးစိုက်ပျိုးကြောင်း၊ ၂၀၂၄ခုနှစ်တွင် ဩဂုတ်လမှ စတင်ပြီး စိုက်ဧက(၁၀၀)ခန့် စိုက်ပျိုးထားရှိကြောင်း သိရသည်။

၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ(ပထမပတ်)တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့ပေါ်ရှိ အခြေခံစားသောက်ကုန်ဈေးနှုန်းများဖြစ်သော ပေါ်ဆန်းမွှေး(၁)အိတ်လျှင် ကျပ်(၁၆၀၀၀၀)၊ ဧည့်မထ (၁)အိတ်လျှင် ကျပ်(၁၀၃၀၀၀)၊ ဧရာပဒေသာ(ကုန်ဇောင်း)(၁)အိတ်လျှင် ကျပ်(၁၃၉၀၀၀)၊ ဧရာပဒေသာ (မြောင်းမြ) ကျပ်(၁၂၅၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ်တွင် ကွမ်းရွက်များကို ဧရာဝတီ တိုင်းဒေသကြီး ကနောင်၊ မြန်အောင်၊ ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်း၊ ပေါင်းတလည်၊ စစ်ကိုင်း တိုင်းဒေသကြီး မုံရွာမြို့တို့ရှိကွမ်းခြံများမှ တိုက်ရိုက်ဝယ်ယူရောင်းချကြောင်း၊ ကွမ်းသီးများကို ထားဝယ် မှတိုက်ရိုက် တင်ပို့သည့် ပြည်မြို့ရှိ ကွမ်းဒိုင်မှတဆင့် မှာယူရောင်းချကြောင်း၊ ကွမ်းစား ထုံးကို မကွေးမှဝယ်ယူရောင်းချပြီး နှပ်ဆေးနှင့်ဗမာဆေးကို မုံရွာနှင့်ပခုက္ကူမှ ဝယ်ယူရောင်းချကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်အတွင်းရှိ တောင်သူများသည် ဝါ၊ နှမ်း၊ ပဲမျိုးစုံ၊ ပြောင်း၊ ငရုတ်နှင့်စားဖိုဆောင်သီးနှံများကို အများဆုံးစိုက်ပျိုးကြပြီး မင်းလှမြို့နယ် မယ်ဇလီတောနှင့် ပန်းတောပြင်ကျေးရွာများတွင် စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့် ခရမ်းချဉ်သီးနှံကိုလည်း စီးပွားဖြစ်စိုက်ပျိုးလာကြကြောင်း၊ ၂၀၂၄ခုနှစ်၊ အောက်တိုဘာလတွင် စိုက်ပျိုးပြီး ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလတွင် စတင်ထွက်ပေါ်လျက်ရှိကြောင်း၊ မျိုးစေ့ကို ပျိုးဘောင်ဖြင့် ပျိုးထောင်ပြီး ပျိုးပင်(၂၅)ရက်

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးဈေးကွက်သို့ မြို့နယ်အတွင်းရှိ မိကျောင်းရဲ၊ လျောင်းတော်ဦး၊ ကံသစ်၊ ရွာဟောင်းကန်၊ သစ်ရာကောက် စသည့်ကျေးရွာများနှင့် စလင်း၊ ဆင်ဖြူကျွန်း၊ နတ်မောက်မြို့တို့မှထွက်ရှိသော နှမ်းမျိုးစုံနှင့် အခြားပဲမျိုးစုံများ ဝင်ရောက်ရောင်းဝယ် ဖောက်ကားလျက်ရှိပါသည်။
