Main menu

အထက်မင်းလှမြို့၌ ကွမ်းရွက်နှင့်ကွမ်းသီးဈေးနှုန်းများမြင့်တက်လျက်ရှိ

Powered by Drupal

           မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ်တွင် ကွမ်းရွက်များကို ဧရာဝတီ တိုင်းဒေသကြီး ကနောင်၊ မြန်အောင်၊ ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်း၊ ပေါင်းတလည်၊ စစ်ကိုင်း တိုင်းဒေသကြီး မုံရွာမြို့တို့ရှိကွမ်းခြံများမှ တိုက်ရိုက်ဝယ်ယူရောင်းချကြောင်း၊ ကွမ်းသီးများကို ထားဝယ် မှတိုက်ရိုက် တင်ပို့သည့် ပြည်မြို့ရှိ ကွမ်းဒိုင်မှတဆင့် မှာယူရောင်းချကြောင်း၊ ကွမ်းစား ထုံးကို မကွေးမှဝယ်ယူရောင်းချပြီး နှပ်ဆေးနှင့်ဗမာဆေးကို မုံရွာနှင့်ပခုက္ကူမှ ဝယ်ယူရောင်းချကြောင်း သိရသည်။

          မင်းလှမြို့နယ်တွင် ကွမ်းသီး၊ ကွမ်းရွက် လက်လီလက်ကားရောင်းချသည့်ဆိုင် (၁၀)ဆိုင် ခန့်ရှိပြီး ကွမ်းစိမ်းနှင့်ကွမ်းရွက်ဝါ(၂)မျိုးရှိသည့်အနက် ကွမ်းရွက်ဝါကိုပိုအစားများကြကြောင်း သိရှိရပါ သည်။ ကွမ်းရွက်ဈေးနှုန်းအနေဖြင့် ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ(ပထမပတ်)တွင် ကွမ်းရွက်ဝါ(၁) ပိဿာလျှင် ကွမ်းရွက်အကြီး၊ အသေးနှင့် ဝယ်ယူတင်သွင်းရသည့်နေရာဒေသအလိုက် ကျပ် (၂၈၀၀၀)၊ ကွမ်းသီးခြမ်း(၁)ပိဿာလျှင် ကျပ်(၁၄၈၀၀)၊ ကွမ်းသီးစိပ်(၁)ပိဿာလျှင် ကျပ် (၁၄၀၀၀)၊ ကွမ်းစားထုံး (၁) လီတာ(၁)ဘူးလျှင် ကျပ်(၂၀၀၀)၊ ကွမ်းစားနှပ်ဆေး (၁)ထုပ်လျှင် ကျပ်(၁၀၀၀)၊ ဗမာဆေး (၁)ထုပ်လျှင် ကျပ်(၇၀၀) စသည့်ဈေးနှုန်းများဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

          အရောင်းအဝယ်အနေဖြင့် (၁)ရက်လျှင်ကွမ်းရွက်ပိဿာချိန် (၁၀)ပိဿာနှင့်အထက် ရောင်းချရပြီး ကွမ်းသီး၊ ကွမ်းစိပ်မှာ(၅)ပိဿာမှ (၇)ပိဿာထိပုံမှန်ရောင်းချရပါကြောင်း၊ ယခင် ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ(စတုတ္ထပတ်)နှင့် နှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် ကွမ်းရွက် ကျပ်(၃၀၀၀)၊ ကွမ်းသီး ကျပ်(၂၅၀၀)ဈေးနှုန်းမြင့် တက်လာကြောင်း၊ ယခုအချိန်သည် ကွမ်းစိုက်ပျိုးထွက်ရှိရာ ဒေသများ၌ ကွမ်းအထွက်နှုန်းလျော့ကျလာ၍ ကွမ်းဈေးနှုန်းမှာ မြင့်တက်ရခြင်းဖြစ်ပြီး ကွမ်းသီးမှာ သယ်ယူစရိတ်မြင့်မားခြင်းကြောင့် ဈေးနှုန်းမြင့် တက်ရခြင်းဖြစ်ကြောင်း  အထက်မင်းလှ-သရက်ကားလမ်းဘေးရှိ ကွမ်းသီး၊ ကွမ်းရွက်ရောင်းချသည့် ကွမ်းဆိုင်ပိုင်ရှင်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(မကွေး)