ကုန်သွယ်မှုသတင်းများ
မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့နယ်၊ ပန်းတော်ပြင်ကျေးရွာအုပ်စု၊ ဥယျာဉ်ကျေးရွာ၌ ပဲစဉ်းငုံ၊ ပဲကြီး၊ စပါး၊ ကြက်သွန်နီ၊ ကုလားပဲ၊ မြေပဲနှင့်နှမ်းတို့ကို နှစ်စဉ်စိုက်ပျိုးလျက်ရှိရာ ဆောင်းသီးနှံတစ်မျိုးဖြစ်သည့် ပဲကြီးကို တောင်သူ(၁၅)ဦးမှ စိုက်ဧက(၁၃)ဧကအား ၂၀၂၄ခုနှစ်၊ နိုဝင်ဘာလတွင် စတင်စိုက်ပျိုးခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်သည် အဓိက ဆန်စပါးကို စိုက်ပျိုးလျှက်ရှိပြီး ပဲသီးနှံကိုလည်း စိုက်ပျိုးသည့် အပြင် မွေးမြူရေးလုပ်ငန်း၊ တစ်ပိုင်တနိုင် SME စက်မှု လက်မှုလုပ်ငန်းများ လုပ်ကိုင်နေပြီး ဒေသထွက် သီးနှံများကို ရန်ကုန်သို့ တင်ပို့နေကြောင်းသိရသည်။ မအူပင်မြို့နယ်တွင် စိုက်ပျိုးသော အုန်းချိုးမွှေး အုန်းသီးများကို ရန်ကုန်သို့ တင်ပို့နေကြောင်းသိရသည်၊ မအူပင်မြို့နယ်တွင် အုန်းသီးစိုက်ဧက ၁၈၈၃ စိုက်ပျိုးပြီး ဧက ၈၀၀ ထွက်ရှိနေပြီဖြစ်ကြောင်းသိရသည်။

မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့နယ်၊ ပန်းတော်ပြင်ကျေးရွာအုပ်စု၊ ပန်းတော်ပြင် ကျေးရွာသည် နေကြာ၊ ဝါ၊ ကြက်သွန်နီ၊ ပဲစဉ်းငုံ၊ ကုလားပဲနှင့် အခြားမီးဖိုချောင်သုံး သီးနှံများကို ရာသီအလိုက်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့၊ ဘွဲ့ကျေးရွာအုပ်စုရှိ ဇီးတောကျေးရွာ၌ ပဲနက် (ခေါ်)မောင်မခေါ်ပဲကို တောင်သူ(၂၀)ဦးမှ စိုက်ဧက(၄၀)ဧကခန့်အား ၂၀၂၄ခုနှစ်၊ အောက်တိုဘာလတွင် စိုက်ပျိုးခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် ဝက်ပုတ်ကျေးရွာတွင် ဟင်းသီးဟင်းရွက်မျိုးစုကို စိုက်ပျိုးကြပြီး သခွား (အကြွပ်)မျိုး တစ်ဧက စိုက်ပျိုးထားကြောင်း သိရပါသည်။ သခွား (အကြွပ်)တစ်ဧက စိုက်ပျိုးမည်ဆိုပါက စတင်စိုက်ပျိုးချိန်မှစ၍ ခူးဆွတ်ရောင်းချချိန်အထိ (မျိုး၊ အလုပ်အမားခ၊ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ တိုင်ဖိုး၊ ကြိုးဖိုး)အပါဝင် စုစုပေါင်းကုန်ကျစရိတ်မှာ (၄)သိန်းခန့်ကုန်ကျပါကြောင်း ပေါ်ဦးပေါ်ဖျား သခွားသီးတစ်လုံးလျှင် (၁၀၀)ကျပ် မှ (၁၅၀)ကျပ်နှုန်းရောင်းချရပါကြောင
