ကုန်သွယ်မှုသတင်းများ
မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြသည့် နိုင်ငံဖြစ်သည်နှင့်အညီ စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်သည်လည်း လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်သော ဒေသတစ်ခုဖြစ်သည်။ ယခုအခါ ဆီထွက်သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ နေကြာသီးနှံကိုလည်း စိုက်ပျိုးကြကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် စပါးနှင့်ဆီထွက်သီးနှံများ အပြင် ပဲမျိုးစုံကိုလည်း စိုက်ပျိုးကြောင်းသိရသည်။ ယခုအခါ မတ်ပဲသီးနှံများ ဈေးကွက်အတွင်း ဝင်ရောက်လျက်ရှိပြီး ဒီဇင်ဘာလဒုတိယပတ်အတွင်း ဈေးနှုန်းများမှာ မတ်ပဲထွက်တိုးတစ်တင်းလျှင် (၉၀၀၀၀)ကျပ်၊ မတ်ပဲ(ဂျပန်)တစ်တင်းလျှင်(၈၇၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ကန့်ဘလူခရိုင်မှထွက်ရှိသော မတ်ပဲများကို ရွှေဘိုမြို့နှင့်မန္တလေးမြို့ ရှိပွဲရုံများ၊ ကုန်စည်ဒိုင်များသို့ တင်ပို့ရောင

စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိက ထားလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ရာ ကန့်ဘလူမြို့နယ်အတွင်းရှိ ထန်းကုန်းကျေးရွာ၊ မိုးကောင်း ကျေးရွာနှင့် အခြားသောကျေးရွာများတွင် ပဲတီစိမ်းသီးနှံကို စိုက်ပျိုးကြကြောင်း၊ ယခုအခါ ပဲတီစိမ်း သီးနှံများ ဈေးကွက်အတွင်း ဝင်ရောက်လျက်ရှိပြီး ဒီဇင်ဘာလဒုတိယပတ်အတွင်း ပဲတီစိမ်းရိုးရိုး တစ်တင်းလျှင်(၇၅၀၀၀)ကျပ်၊ ပဲတီစိမ်းထွက်တိုး အလုံးလှတစ်တင်းလျှင် (၈၀၀၀၀)ကျပ်ဖြင့်အ ရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ပဲတီစိမ်းမှာ အ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်နှင့် နီးစပ်နေသော မြန်မာ - တရုတ် နယ်စပ်ဂိတ် ပေါက်များဖြစ်သော မန့်ဝန်းဂိတ်ပေါက်၊ ဆင်ဖြူဂိတ်ပေါက် နှင့် နန်းတော်ဂိတ်ပေါက်တို့မှာ (၂၂.၁၀.၂၀၂၄) ရက်နေ့မှ စတင်ပြီး စက်သုံးဆီ၊ စားသုံးဆီ၊ လျှပ်စစ်ပစ္စည်းများနှင့် အခြားစားသောက် ကုန်များကို တရုတ်နိုင်ငံဘက်မှ သယ်ယူမှု ယာယီပိတ်ပင်ထားကြောင်း သိရှိရသည်။

အခု ဆန်ဈေးကွက်မှာ ခေတ်စားလာတဲ့ ဘာစမာတီ(Basmati) ရဲ့အားနည်းချက်၊ အားသာချက်တွေကို ပြောပြချင်ပါတယ်၊ အားသာချက်ကတော့ သက်လတ်စပါးမျိုး ရက်(၁၀၀)ဖြစ်ပြီး၊ ရေငတ်ဒဏ်ကိုအသင့်တင့်ခံနိုင်ပါတယ်၊ ဆီးချိုဆန်လို့လူသိများတဲ့ ဘာစမာတီဆန်က၊ အခြားဆန်တွေထက် အဆီဓါတ်၊ ကစီဓါတ်နှင့် ကိုလက်စထရော ဓါတ်နည်းတာကြောင့် ဆီးချိုသမားများ၊ ဆီးချို၊ သွေးချိုကာကွယ်လိုသူများ ကျန်းမာရေးအတွက် ကိုယ်အလေးချိန်ထိန်းသိမ်းလိုသူတွေ၊ Gym ဆော့နေတဲ့ အားကစားသမားတွေ၊ စားသုံးသင့်တဲ့ဆန်မျိုးဖြစ်ပါတယ်၊ အဆီဓါတ်နည်းတယ်ဆို
