
မန္တလေးစျေးကွက်သို့ မေလဒုတိယပတ်အတွင်း ခရမ်းချဉ်သီးဝင်ရောက်သည့်အပေါ် မူတည်၍ စျေးအနည်းငယ်မြင့်သွားကြောင်း သိရပါတယ်။ ခရမ်းချဉ်သီးဝင်ရောက်မှုအနေဖြင့် အမရပူရ၊ ပုသိမ်ကြီး၊မတ္တရာ၊ကျောက်ဆည်၊ မြစ်သား၊ စဉ့်ကိုင်၊ တံတားဦးဒေသနှင့် စစ်ကိုင်းတိုင်း ဒေသကြီး တို့ မှ ကိုင်းသီးနှင့် ဘောလုံးသီးများဝင်ရောက်ပြီး၊ ရှမ်းပြည်နယ် တောင်ပိုင်းဒေသများမှ ခရမ်းချဉ် သီး(အင်းသီး)များ ဝင်ရောက်လျက် ရှိပါတယ်။ မန္တလေးစျေးချို၊ ကိုင်းတန်းစျေးရှိ ခရမ်းချဉ် သီးပွဲရုံ များ၊ သီရိမာလာစျေး(ပိုက်ကျုံးစျေး) နှင့် ၄၁လမ်း၊ကမ်းနားလမ်းရှိ ကုန်စိမ်း လက္ကားစျေးတို့ တွင် ခရမ်းချဉ်သီးအား ခေါင်သီးနှင့် အလတ်စသီး ဟူ၍ အမျိုးအစားခွဲခြားရောင်းချလျက်ရှိပါတယ်။ ၂၀၂၅ ခုနှစ်မေလဒုတိယပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသော လက်လီစျေး အနေဖြင့် ခရမ်းချဉ်သီး ဘောလုံး သီးနှင့် အင်းသီး တစ်ပိဿာလျှင် ၃၀၀၀ ကျပ်နှင့် ၄၀၀၀ ကျပ်၊ ဗမာသီးတစ်ပိဿာလျင် ၃၅၀၀ ကျပ်နှင့် ၄၅၀၀ ကျပ်စျေးတို့ဖြစ်ပြီး၊ ဝင်ရောက်မှုလျော့နည်းသည့်အတွက် ခရမ်းချဉ် သီးစျေး တစ် ပိဿာလျှင် ၃၀၀ ကျပ်နှင့် ၅၀၀ ကျပ်ခန့် စျေးမြင့်တက်သွားကြောင်း စျေးသည်တစ်ဦး ၏ ပြောပြ ချက်အရ သိရပါတယ်။
DOCA(မန္တလေး)