Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
03 Jan 2025

     ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလတွင် ကရင်ပြည်နယ်ဒေသထွက် ဆောင်းမြေပဲများ စတင်ထွက်ရှိပြီးဖြစ်သည်။  ဆောင်းမြေပဲများကို မြေနုကျွန်းများဖြစ်သော ကော့လုံကျွန်း၊ မိန်းမလှကျွန်း၊ မင်းဆီ၊ ကော့ထော်၊ ဝါးစူးနှင့် ရွှေဂွန်းစသောနယ်များမှ ဦးစွာထွက်ရှိကြောင်း သိရသည်။ ပေါ်ဦးပေါ်ဖျားဖြစ်၍ အထွက်နှုန်း နည်းပါးသေးသောကြောင့် ဈေးကောင်းရကြောင်းနှင့် ဒေသထွက်ဆောင်းမြေပဲ ဒေသပေါက်ဈေး တစ်ပြည်လျှင် (၆၀၀၀) ကျပ်နှင့်ပြုတ်ပြီးသားမြေပဲ တစ်ဘူးလျှင်(၁၀၀၀)ကျပ် တို့ဖြစ် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

03 Jan 2025

   ကရင်ပြည်နယ်ဒေသထွက် ပိန်းဥကိုဘားအံမြို့အနီးတစ်ဝိုက်ရှိ ကျေးရွာများမှ ဘားအံမြို့ပေါ် ဈေးများသို့ လာရောက်ရောင်းချကြပါသည်။ ဒေသခံတောင်သူများသည် ပိန်းဥကို အပိုဝင်ငွေရရှိရန်အတွက် မိမိတို့၏ အိမ်ခြံဝန်းအတွင်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြသည့်အပြင် စီးပွားဖြစ်လည်း စိုက်ပျိုးကြကြောင်း သိရသည်။

03 Jan 2025

          ကမ္ဘောဒီးယားနှင့် ဆော်ဒီအာရေဗျနိုင်ငံတို့သည်နှစ်နိုင်ငံဆက်ဆံရေး အထူးသဖြင့် စိုက်ပျိုးရေးကဏ္ဍတွင် ခိုင်မာအားကောင်းရန်အခွင့်အလမ်းများကို အထက်လွှတ်တော် ဥက္ကဋ္ဌ Hun Sen နှင့် ဆော်ဒီအာရေဗျနိုင်ငံတော်အတိုင်ပင်ခံညီလာခံဥက္ကဋ္ဌ Abdullah Mohammed Ibrahim Al-Sheikh တွင်ဆွေးနွေးခဲ့ကြသည်။ နှစ်နိုင်ငံလုံးသည် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုကိုတိုးမြှင့်ရန်နှင့် ကုန်သွယ်မှုလမ်းကြောင်းအသစ်များ ရှာဖွေရန်ကြိုးပမ်းနေချိန် တွင် ယခုကဲ့သို့ပေါ်ထွက်လာခြင်းဖြစ်သည်။ ကမ္ဘောဒီးယားသည် ဆန်ထုတ

03 Jan 2025

         အမေရိကန်ကုမ္ပဏီ Stabil Nutrition LLC နှင့် ကမ္ဘောဒီးယားပြည်တွင်းကုမ္ပဏီ Amru Rice (Cambodia) တို့သည် အမေရိကန်ဈေးကွက်သို့တင်ပို့ရန်အတွက် ဖွဲနုပြင်ပြင်ရေးစက်ရုံ တည်ဆောက်ရန်အတွက် ပူတွဲရင်းနှီးမြှုပ်နှံမှုများဆောင်ရွက်ခဲ့ကြသည်။ ကမ္ဘောဒီးယားနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (CDC) ၏ ဒုတိယဥက္ကဋ္ဌ Sun Chanthol ၊ Amru Rice (Cambodia) ၏ ဥက္ကဋ္ဌ Song Saran နှင့် Stabil Nutrition LLC ၏ ဥက္ကဋ္ဌ  Michael A.

03 Jan 2025

        ကမ္ဘောဒီးယားနိုင်ငံတော်ဘဏ်အုပ်ချုပ်ရေးမှူး Dr. Chea Serey က ကုန်သွယ်မှု၊ ရင်းနှီး မြှုပ်နှံမှုနှင့်ခရီးသွားလုပ်ငန်းများမြှင့်တင်ရေးအတွက် နှစ်နိုင်ငံနယ်စပ်ဖြတ်ကျော်ငွေပေးချေရေး ချိတ်ဆက်မှုများကို ဆက်လက်တိုးချဲ့ဆောင်ရွက်သွားရန် တရုတ်နိုင်ငံအားတောင်းဆိုထားသည်။ Dr.

Pages