၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလတွင် ကရင်ပြည်နယ်ဒေသထွက် ဆောင်းမြေပဲများ စတင်ထွက်ရှိပြီးဖြစ်သည်။ ဆောင်းမြေပဲများကို မြေနုကျွန်းများဖြစ်သော ကော့လုံကျွန်း၊ မိန်းမလှကျွန်း၊ မင်းဆီ၊ ကော့ထော်၊ ဝါးစူးနှင့် ရွှေဂွန်းစသောနယ်များမှ ဦးစွာထွက်ရှိကြောင်း သိရသည်။ ပေါ်ဦးပေါ်ဖျားဖြစ်၍ အထွက်နှုန်း နည်းပါးသေးသောကြောင့် ဈေးကောင်းရကြောင်းနှင့် ဒေသထွက်ဆောင်းမြေပဲ ဒေသပေါက်ဈေး တစ်ပြည်လျှင် (၆၀၀၀) ကျပ်နှင့်ပြုတ်ပြီးသားမြေပဲ တစ်ဘူးလျှင်(၁၀၀၀)ကျပ် တို့ဖြစ် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။
DOCA(ကရင်)