Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
06 Jan 2025

ကြက်သွန်နီ (ဆောင်း)သီးနှံကို ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ် အတွင်းရှိ  ဝဲကြီးကျေးရွာ၊ ကျောင်းကြီးကျေးရွာ၊ ပေါက်တန်းကျေးရွာများတွင် အများဆုံးစိုက်ပျိုး ကြပြီး အခြားကျေးရွာအချို့တွင်လည်း တစ်ပိုင်တစ်နိုင်စိုက်ပျိုးကြပါသည်။

06 Jan 2025

  နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် အတွင်း ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ၂၀၂၄ခုနှစ်  ဒီဇင်ဘာလ နောက်ဆုံးပတ်အတွင်း  မတ်ပဲနှင့် ပဲမျိုးစုံ စုစုပေါင်း စိုက်ဧက ၆၁၇၆၀ ကိုစိုက်ပျိုးပြီးစီး ကြောင်းသိရပါသည်။ ၂၃.၁၂.၂၀၂၄ ရက်နေ့အထိ မြို့နယ်အတွင်း တောင်သူများ၏ ဆောင်းသီးနှံ ပဲမျိုးစုံ စိုက်ပျိုးမှုများမှ ပဲတီစိမ်း ၉၇၃၁ ဧက၊ မတ်ပဲ ၄၂၀၇၈ ဧက၊ ကုလားပဲ ၃၇၆၅ ဧက၊ ဘိုကိတ်ပဲ ၁၅၄၇  ဧက၊ ပဲနောက် ၁၇၅၄ ဧကနှင့် ပဲကြီး၂၈၈၆ ဧက တို့ကို စိုက်ပျိုးပြီးစီးကြောင်းသိရပါသည်။

06 Jan 2025

    ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်အတွင်းရှိ မော်ရကျေးရွာ၊ ထန်းတပင်ကျေးရွာ နှင့် အခြားကျေးရွာများတွင် မိုးခရမ်းသီးများကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြပါသည်။ မိုးခရမ်းသီးစိုက်ပျိုးရန် ပျိုးပင်တစ်ပင်ကို ၅၀ကျပ်နှုန်းဖြင့် တစ်ဧကကို ပျိုးပင် ၄၀၀၀ ခန့်စိုက်ပျိုးရပါသည်။ မြေကျင်းကလေးများတူးပြီး ပျိုးပင်တစ်ပင်ကို ပင်ခြားတန်းခြား နှစ်ပေခွဲထားပြီး စိုက်ပျိုးကြပါသည်။ ခရမ်းသီးစိုက်ပျိုးရာတွင် တစ်ဧက ကုန်ကျစရိတ်အနေဖြင့် ပျိုးပင်၊ ထွန်ယက်ခ၊ စိုက်ပျိုးခ၊ ပေါင်းမြက်ရှင်းခ၊ မြေဩဇာ၊ ပိုးသတ်

06 Jan 2025

   နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်အတွင်းရှိ ကျောင်းကြီးကျေးရွာ၊ အုတ်တွင်းကုန်း ကျေးရွာ၊ သရက်တပင်ကျေးရွာ၊ ဝဲကြီးကျေးရွာနှင့် အခြားကျေးရွာများတွင် ပန်းဂေါ်ဖီများကို တစ် ပိုင်တစ်နိုင် စိုက်ပျိုးကြပါသည်။

06 Jan 2025

မြန်မာနိုင်ငံတွင် အများဆုံးစိုက်ပျိုးကြသည့် ပဲစဉ်းငုံမျိုးများမှာ သက်ကြီးမျိုးဖြစ်ပြီး ပဲစဉ်းငုံ ကို သီးညှပ်သီးနှံအဖြစ်လည်း စိုက်ပျိုးကြပါသည်။ အပင်သက်တမ်းတလျှောက် နှင်းခါးရိုက်မှုဒဏ်ခံ နိုင်ရည်မရှိပါ။ ပဲစဉ်းငုံ၏ အမြစ်သည် ရှည်လျား၍ ရေငတ်ဒဏ်ခံနိုင်ရှိပါသည်။ ပဲစဉ်းငုံသည် ရေဝပ် ခြင်း ဒဏ်ခံနိုင်ရည်မရှိပါ။ ပဲစဉ်းငုံသည် နေ့တာအတိုအရှည်ပင်ဖြစ်၍ စိုက်ချိန်သည် အပင်ကြီးထွား မှုနှင့် အပင်အမြင့်အတွက် အဓိကအရေးကြီးသည်။ ပဲစဉ်းငုံကို တချို့အရပ်ဒေသတွေမှာ “စစ်ပိုင်ပဲ” လို့ ခေါ်ကြပါတယ်။ ပဲစဉ်းင

Pages