
၂၀၂၅ ခုနှစ် ပထမ ၃ လတာကာလတွင် ကမ္ဘောဒီးယားဖွံ့ဖြိုးတိုးတက်ရေးကောင်စီ(CDC) သည် ခန့်မှန်းအမေရိကန်ဒေါ်လာ ၃.၄ ဘီလီယံနီးပါးရှိသော ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများကိုခွင့်ပြု ပေးခဲ့ပြီး ၂၀၂၄ ခုနှစ် တူညီသည့်ကာလထက် ၃၄ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ CDC ၏အဆိုအရ ရင်းနှီးမြှုပ်နှံမှုမှတ်ပုံတင်သည့်စီမံကိန်းများသည် ၂၃၁ ခုရှိပြီး ၂၀၂၄ ခုနှစ် တူညီသည့်ကာလက ၁၂၈ ခုရှိခဲ့သည့်အတွက် ၈၀ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ ဧပြီလတစ်လတည်းတွင် CDC သည်စုစုပေါင်းခန့်မှန်း အမေရိကန်ဒေါ်လာ သန်း ၈၆၀ နီးပါးရှိ သောမတည်ရင်းနှီးမြှုပ်နှံမှုစီမံကိန်း ၅၉ ခုကိုခွင့်ပြုပေးခဲ့ပြီး အလုပ်အကိုင်ခန့်မှန်း ၃၉၀၀၀ ကိုဖန်တီးရန် အလားအလာရှိကြောင်း သိရပါသည်။ ဒုတိယဝန်ကြီးချုပ်နှင့် CDC ၏ ဒုတိယ ဥက္ကဌ ၁ ဖြစ်သူ Sun Chanthol က ထိုသို့ရရှိခဲ့ခြင်းသည် နိုင်ငံရေးနှင့် အငယ်စားစီးပွားရေး တည်ငြိမ်မှု၊ ပိုမိုကောင်းမွန်သောဥပဒေမူဘောင်များနှင့် စည်းမျဉ်းများနှင့် ကမ္ဘောဒီးယား၏ စီးပွားရေးကြီးထွားလာမှုတို့ကြောင့်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ အစိုးရသည်လည်း ပြည်တွင်းနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအတွက် ပုဂ္ဂလိကကဏ္ဍ၏ စိန်ခေါ်မှုများနှင့် အခက် အခဲများကိုဖြေရှင်းပေးလျှက်ရှိကြောင်း သိရပါသည်။ ဝန်ကြီးချုပ် Hun Manet သည်လည်း ကုန်သွယ်ရေးနှင့် နိုင်ငံတကာရင်းနှီးမြှုပ်နှံနှင့်ပတ်သတ်၍ မူဝါဒများကို တံခါးဖွင့်ပေးထားရန် အာမခံကြောင်း ပြောကြားခဲ့ပါသည်။ Chanthol က အမြန်လမ်းများ၊ ရေနက်ဆိပ်ကမ်းများ၊ နိုင်ငံတကာလေဆိပ်များနှင့် အထူးစီးပွားရေးဇုန်များအစရှိသည့် မရှိမဖြစ်လိုအပ်သော အခြေခံ အဆောက်အအုံကွန်ယက်များတွင် ရင်းနှီးမြှုပ်နှံခဲ့ပြီးဖြစ်ပြီး ဆက်လက်၍လည်း ရင်းနှီးမြှုပ်နှံ သွားမည်ဟု ပြောကြားခဲ့ပါသည်။
Reference; Khmer Times
DOCA(ရန်ကုန်)