ပြည်တွင်းကုန်သွယ်မှုသတင်းများ
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်တွင် စက်တင်ဘာလမှစ၍ မိုးစပါးများ စတင်ရိတ်သိမ်းနေပြီဖြစ်ပါသည်။ ပေါင်းတည်မြို့နယ်တွင်၂၀၂၄ခုနှစ် မိုးစပါးစိုက်ပျိုးဧက (၇၃၅၁၄) စိုက်ပျိုးထားကြောင်း သက်ဆိုင်ရာဌာနများမှ သိရပါသည်။

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် မိုးစပါးစိုက်ဧက (၈၂၆၁၀)ကို စိုက်ပျိုးရန်လျာထားခဲ့ရာ လျာထားဧကအတိုင်း ပြည့်မီစွာစိုက်ပျိုးနိုင်ခဲ့ပါသည်။ ယခုစက်တင်ဘာလနောက်ဆုံးပတ်တွင် ကောက်စောစပါးများ စတင်ရိတ်သိမ်းနေပြီဖြစ်ရာ ရိတ်သိမ်းပြီးစီးမှုဧက (၅၁၃) ရှိ၍ တစ်ဧကပျမ်းမျှအထွက်နှုန်း ၉၂.၈၄တင်းရှိကြောင်း သိရှိရပါသည်

ဝါးရုံတော၊ ဝါးငုတ်ဆွေးများမှ မိုးရာသီတွင် သဘာဝပေါက်ရောက်လေ့ရှိသည့် ဝါးယောင်းမှိုများကို နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ဈေးကွက်အတွင်းရောင်းချလျက်ရှိရာ စားသုံးသူများမှ ကြိုက်နှစ်သက်စွာ ဝယ်ယူစားသုံးလျက်ရှိပါသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီး မှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ပေးရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေး လုပ်ငန်း များ ဆောင်ရွက်လျက်ရှိပြီး ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေး လုပ်ငန်းများဖြင့် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်စေရ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ဆီထွက်သီးနှံဖြစ်သည့်မြေပဲကို အဓိကစိုက်ပျိုးလျက်ရှိပြီး ဆောင်းမြေပဲကိုအနည်းငယ်သာစိုက်ပျိုးမှုရှိပါသည်။ ၂၀၂၄-၂၀၂၅ ခုနှစ်တွင် မြေပဲကိုစိုက်ပျိုးရန် လျာထားမှုအနေဖြင့် (၅၈၂၇၁)ဧကရှိပြီး၊ မိုးရာသီကုန်အထိ (၅၂၆၂၅)ဧက စိုက်ပျိုးခဲ့ပြီး၊ ယခုစိုက်ဧက(၂၄၅၁၁)ဧက ရိတ်သိမ်းခ
