Main menu

ငါန်းဇွန်မြို့နယ်တွင် စက်သုံးဆီရောင်းချမှု အခြေအနေ

Powered by Drupal

     ငါန်းဇွန်မြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်(၁၀)ဆိုင်မှ စက်သုံးဆီများကို နေ့စဉ် ပုံမှန်ဖွင့်လှစ် ရောင်းချလျက်ရှိရာ ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ(၁၂)ရက်နေ့ စက်သုံးဆီတစ်လီတာ အရောင်း ဈေးနှုန်းများအနေဖြင့် 92 Octane(၃၀၉၀)ကျပ်၊ 95 Octane(၃၁၈၀)ကျပ်၊ ရိုးရိုးဒီဇယ် (၂၇၆၅)ကျပ်၊ ပရီမီယမ် ဒီဇယ်(၃၃၆၀)ကျပ်ဝန်းကျင်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။

    စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ၁၂-၉-၂၀၂၅ ရက် နေ့တွင် ထုတ်ပြန်ထားသည့် စက်သုံးဆီတစ်လီတာ၏ သတ်မှတ်ရည်ညွှန်းဈေးများမှာ 92 Octane (၃၀၃၅)ကျပ်၊ 95 Octane(၃၁၀၅)ကျပ်၊ ရိုးရိုးဒီဇယ်(၂၆၉၀)ကျပ်၊ ပရီမီယမ်ဒီဇယ် (၃၂၈၅)ကျပ် ဖြစ်ကြောင်း  သိရှိရသည်။

DOCA(မန္တလေး)