ပြည်တွင်းကုန်သွယ်မှုသတင်းများ
ပြည်ပဲဈေးကွက်သို့ ပဲတီစိမ်းသစ်များ အထွက်လှိုင်ချိန်ဖြစ်လို့ အမြောက်အမြား ဝင်ရောက်လာပြီ ဖြစ်ပါသည်။ ပြည်အနီးတဝိုက်ဒေသများဖြစ်သော ဝက်ထီးကန်၊ ပေါင်းတလည်၊ ပေါက်ခေါင်း ဒေသများအပြင် ဘက်ရဲ၊ ကြံခင်းစသည့် ဧရာဝတီတိုင်းဒေသကြီးဖက်မှ ဝင်ရောက်မှု ရှိကြပါသည်။ မကွေးတိုင်းဒေသကြီး၊ မင်းတုန်း၊ ကံမမြို့နယ်များမှလည်း နေ့စဉ်ဝင်ရောက်လာခဲ့ကြောင်
ပြည်ပဲဈေးကွက်သို့ ဆောင်းပဲသစ်အချို့ဝင်ရောက်လာပြီဖြစ်ပါသည်။ သို့သော်လည်း ပဲစင်းငုံ အသစ်များကတော့ ဝင်ရောက်ခြင်းမရှိသေးဘဲ လက်ကျန်ပဲအနည်းငယ် ရန်ကုန်ဝယ်လက်ရှိမှုအပေါ် ရောင်းချမှုရှိကြပါသည်။ ဒါ့ကြောင့်အရောင်းအဝယ်နေ့စဉ်မဖြစ်ဘဲ ရက်ခြားသာရောင်းဝယ်မှုရှိပြီး အရောင်းအဝယ်ဖြစ်မှုပမာဏမှာတော့ အိတ် ၂၀၀/၃၀၀ ကျော်ရောင်းချမှုရှိခဲ့ပါသည်။ ပဲ
ပြည်ခရိုင်အတွင်းရှိ မြို့နယ်များတွင် ၂၀၂၃-၂၀၂၄ ခုနှစ်မိုးမြေပဲများ စိုက်ပျိုးလျက်ရှိရာ၊ ပြည်မြို့နယ်တွင် စိုက်ပျိုးရန်လျာထား ၁၀၉၉၈ ဧက အနက် ၁၂၇၅၉ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ၁၂၇၅၉ ဧကရိတ်သိမ်း၍ ၉၀၇၁၁၆၅ တင်းထွက်ရှိခဲ့ကာ တစ်ဧကအထွက်နှုန်းအနေဖြင့် (၇၁)တင်း ထွက်ရှိကြောင်း သိရပါသည်။ ပေါက်ခေါင်းမြို့နယ်တွင် စိုက်ပျိုးရန်လျာထားဧကမှာ
ပြည်ခရိုင်အတွင်းရှိ မြို့နယ်များနှင့် ဈေးများတွင် ပိန်းဥများ စတင်ထွက်ပေါ်နေကြသည်ကို တွေ့ရပါသည်။ ပိန်းဥသည် ပိန်းပင်၏ (ဥ)ဖြစ်ပြီး မြေကြီးထဲက တူးယူရသော သဘာဝဆေးဖက်ဝင် ဥတစ်မျိုးဖြစ်ကာ ယခုဆောင်းရာသီတွင် ထွက်ရှိသော ရာသီစာအစားအစာတစ်မျိုးဖြစ်ပါသည်။ ပိန်းဥကို ပြုတ်၍ စားကြသလို ဟင်းချက်၍လည်း စားသုံးကြလေ့ရှိကြသည်။ ပိန်းဥကို စားသုံးပေးခြ
ပြည်ပဲဈေးကွက်သို့ ဆောင်းပဲသစ်များဝင်ရောက်လျက်ရှိရာ ဘိုကိတ်ပဲသီးနှံသည်လည်း နေ့စဉ် ဝင်ရောက်လျက်ရှိခဲ့ပါသည်။ ပြည်မြို့နယ်နှင့် ပန်းတောင်း၊ ဥသျှစ်ပင်ဖက်မှ ဝင်ရောက်လျက်ရှိကာ တစ်ရက်လျှင် အိတ် ၁၀၀/၁၅၀ ကျော် ဝင်ရောက်သည်ဟု သိရပါသည်။ အရောင်းအဝယ်ဖြစ်မှုအနေဖြင့် လက်လီသမားများ ပုံမှန်ဝယ်ယူနေကြသလို လက်ကားသမားများလည်း ဝယ်ယူမှုရှိခဲ့ကြပါသည်။ ဒါ့ကြောင့် ဝင်