ပြည်တွင်းကုန်သွယ်မှုသတင်းများ
မြန်မာနိုင်ငံတွင် ဆီထွက်သီးနှံတစ်မျိုးဖြစ်သော နှမ်းလျင်မျိုးနှင့် နှမ်းကြီးမျိုးဟူ၍ နှမ်းအမျိုးအစား(၂)မျိုးရှိပါသည်။ ပြည်ခရိုင်အနေဖြင့် နွေနှမ်း၊ မိုးနှမ်း၊ ဆောင်းနှမ်းဟူ၍ (၃)မျိုးရှိပြီး ယခုအချိန်အထိ နှမ်းစိုက်ဧကမှာ ၇၆၈၇၀ဧကစိုက်ပျိုးထားရှိပါသည်။ ယခုအချိန်တွင် ဆောင်းနှမ်းများစိုက်ပျိုးချိန်ဖြစ်၍ ဈေးကွက်သို့ နှမ်းဝင်ရောက်မှ
ယခုဒီဇင်ဘာလ ဆန်းပိုင်းတွင် ပြည်ပဲဈေးကွက်သို့ မတ်ပဲသစ်အချို့ ဝင်ရောက်မှုရှိလာ ခဲ့ပါသည်။ တစ်ရက်လျှင် ပိဿာ၂၀ ဝင် အိတ်၅၀/၁၀၀ကျော် ဝင်ရောက်လာပြီး ပြည်အနီးတဝိုက် ဒေသများမှ ဝင်ရောက်ခြင်းဖြစ်ပါသည်။ ပဲသစ်အဝင်ရှိလာသလို လက်ကျန်ပဲများလည်း ရှိကြသည့်အတွက် နေ့စဉ်ရောင်းဝယ်မှုဖြစ်လျက်ရှိပါသည်။ ရန်ကုန်လိုင်းသမား အဓိကဝယ်ယူသလို မျိုးပဲဝယ်ယူမှ
ဒီဇင်ဘာလဒုတိယပတ်မှစ၍ ပြည်ဈေးကွက်သို့ မကွေးတိုင်း ရေနံချောင်းမြို့မှ ကြက်သွန်နီအသစ်များ စတင်ဝင်ရောက်မှုရှိလာပြီး ၂၈ ပိဿာဝင် အိတ်၅၀ခန့် အဝင်ရှိလာပါသည်။ ကြက်သွန်နီများ ဈေးကောင်းရနေချိန်ဖြစ်၍ အသစ်များကိုတူးဖော်ရောင်းချမှုများရှိပေမယ့် အစိုဓါတ်များ ကျန်ရှိနေသေး၍ အသစ်ဈေးမှာ အဟောင်းဈေးထက်ဈေးနှုန်းချိုသာသော်လည်း အဝယ်မလိုက်သေးကြော
ပြည်မြို့၏ ဈေးကွက်များအတွင်းသို့ ၂၀၂၃ခုနှစ်၊ ဆောင်းရာသီ ဒီဇင်ဘာလတွင် သင်္ဘောသီးအမှည့်များလာရောက်ရောင်းချကြောင်းသိရပါသည်။ ဆောင်းရာသီတွင် သင်္ဘောသီးအမှည့်များမှာ လူတိုင်းအတွက် ဓာတ်စာတစ်ခုဖြစ်၍ ဝယ်ယူစားသုံးကြပြီး သင်္ဘောသီးအမှည့်များလှိုင်လှိုင်ပေါ်ချိန်ဖြစ်၍ ဈေးမှာလည်း အကြီးတစ်လုံးလျှင် ၇၀၀ကျပ်မှ အသေးတစ်လုံးလျှင် ၅၀၀ကျပ်အထိ
ပြည်ခရိုင်၊ ပြည်မြို့နယ်ရှိ ကျေးရွာအုပ်စုများတွင် စပါး၊ ပဲ၊ ပြောင်းတို့ကိုသာ အဓိကထား စိုက်ပျိုးကြသလို ဟင်းသီးဟင်းရွက်ဖြစ်သောသခွားသီးများလည်း စိုက်ပျိုးကြပါသည်။ သခွားသီးတွင် မိုးသခွားနှင့်ဆောင်းသခွာဟူ၍ (၂)မျိုးရှိပြီး မိုးသခွားကို မေလနှင့် ဇွန်လတို့တွင် စိုက်ပျိုးကြပြီး ဆောင်းသခွားကို အောက်တိုဘာလနှင့် နိုဝင်ဘာလတို့တွင် စိုက