Main menu

သာစည်မြို့နယ်ဆန်ဈေးကွက်၊ဈေးနှုန်း

Powered by Drupal

       သာစည်မြို့နယ်တွင် စက်တင်ဘာလဆန်းရှိ ဆန်ဈေးနှုန်းများ ဈေးငြိမ်နေကြောင်းသိရသည်။ ဆန်ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်သော ဆန်အမျိုးအစားများ ရွှေဘိုပေါ်ဆန်း၊ ပဒေသာ၊ မနောသုခ၊ သုခထွန်း၊ ရက်(၉၀)ဆန်များ အရောင်းအဝယ်ဖြစ်ရာ မနောသုခ၊ သုခထွန်း၊ ရက်(၉၀)ဆန်များမှာ မိုးဆန်(ကြားဆန်) များနှင့် နွေဆန်သစ်များတွေ့ရပြီး၊ ပေါ်ဆန်း၊ ပဒေသာဆန်တို့မှာ မိုးဆန်( ကြားဆန်) များဖြင့်အရောင်းအဝယ်ဖြစ်နေကြောင်းသိရသည်။ ဆန်ဈေးနှုန်းအနေဖြင့်  ရွှေဘိုမှဝင်ရောက်သောဆန်များမှာ ကားသယ်ခအနေဖြင့် ရွှေဘိုမှ မိတ္ထီလာသို့ တစ်အိတ်လျှင် ၈၀၀၀မှ ၈၅၀၀ ကျပ်ဈေးရှိသည့်အတွက် ဆန်ဈေးများပါမြင့်တက်နေပြီး ကျန်အမျိုးအစားများမှာ ဈေးငြိမ်လျက်ရှိပါသည်။ စက်တင်ဘာလဆန်းတွင် အရောင်းအဝယ်ဖြစ်သော ဈေးနှုန်းများမှာ (၂၄)ပြီ (၁)အိတ်လျှင် ရွှေဘိုပေါ်ဆန်းမှာ(၁၆၅၀၀၀)ကျပ်၊ ရွှေဘိုပဒေသာမှာ(၁၃၀၀၀၀)ကျပ်၊ ကျောက်ဆည်ပဒေသာမှာ (၁၂၀၀၀၀)ကျပ်၊ မနောသုခ(မိုး)နှင့် ရက်(၉၀)(မိုး)မှာ(၇၀၀၀၀)ကျပ်၊ မနောသုခ(နွေ)နှင့် သုခထွန်းမှာ (၆၅၀၀၀)ကျပ်၊ တို့ဖြင့် အရောင်းအဝယ်ပုံမှန်ရှိကြောင်း၊ သာစည်မြို့နယ်အနေဖြင့် မိတ္ထီလာမှတစ်ဆင့် ဝယ်ယူရောင်းချမှုများအကြောင်း ဆန်ဆိုင်များမှ သိရှိရပါသည်။

DOCA(မန္တလေး)