ပြည်တွင်းကုန်သွယ်မှုသတင်းများ
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့စည်ပင်သာယာဈေးတွင်ရှိသော ဂျင်းဈေးနှုန်းများမှာ ဧပြီလနောက်ဆုံးပတ်တွင် ဂျင်း ၁၀ကျပ်သားလျှင် ၈၀၀ကျပ်ရှိခဲ့ပြီး မေလ နောက်ဆုံးပတ်တွင်လည်း ၁၀၀၀ကျပ်ရှိနေပါသည်။ ဂျင်းဈေးနှုန်းမှာ အနည်းငယ်တက်လျက်ရှိနေပါသည်။

ယခုလို မိုးဦးကျ မေလလယ်ကာလတွင် သရက်ပင်များမှ သရက်သီးပင်မှည့်များ လှိုင်လှိုင် ပေါ်နေပြီဖြစ်ပါသည်။၂၀၂၄ခုနှစ် မေလနောက်ဆုံးပတ်တွင် သဲကုန်းမြို့နယ်တွင် ရိုးရိုးသရက်သီးမှည့် တစ်လုံး ၁၅၀-ကျပ်မှ ၂၀၀-ကျပ် နှင့် စိန်တစ်လုံး သရက်သီးတစ်လုံးလျှင် ၄၀၀-ကျပ်ဈေးရှိပါသည်။ သရက်သီးအစိမ်းထက် အမှည့်ကဈေးပိုရသလို သရက်သီးကို တန်ဖိုးမြှင့်ထုတ်လ

ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ကြက်သွန်နီဈေးများမြင့်တက်နေကြောင်း သိရှိရ၍ အမှတ်(၃)ရပ်ကွက်နေ ကြက်သွန်နီလက်လီရောင်းချသူ ဒေါ်စောနှင်းနှင့်တွေ့ဆုံမေးမြန်းရာ ဒေသ တွင်း ကြက်သွန်နီထွက်ရှိမှုနည်းပြီး ယခုအချိန်သည် ကြက်သွန်နီ ထွက်ပေါ်ချိန်မဟုတ်၍ ဈေးကွက်တွင် ရောင်းချနေသော ကြက်သွန်နီများကို တောင်တွင်းကြီးဘက်မှ မှာယူရောင်းချလျက်

ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ မီးလောင်အုပ်စု၊ မီးလောင်ကျေးရွာတွင် တိုင်ထောင်ပဲများ စိုက်ပျိုးထားရှိပါသည်။ မီးလောင်ကျေးရွာတွင် အသီးအနှံမျိုးစုံစိုက်ပျိုးထားရှိပြီး ယခုအချိန်သည် တိုင်ထောင်ပဲများ ထွက်ရှိကြောင်း သိရသဖြင့် ကွင်းလေ့ရာတွင် တိုင်ထောင်ပဲကို စိုက်ပျိုးရန် ဘောင်ပြုလုပ်ပြီး ကျွင်းတူးမျိုးစေ့ချခြင်း စိုက်ပျိုးရပါသည်။

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ မီးလောင်အုပ်စု၊ အင်္ဂလှိုင်ဂန်ကျေးရွာတွင် ရုံးပတီသီးများစိုက်ပျိုးထားရှိကြောင်း သိရပါသဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ ရွှေတောင်မြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းများအဖွဲ့သည် (၂၄.၅.၂၀၂၄)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ရုံးပတီသီး စိုက်ကွင်းသို့ ကွင်းဆင်းလေ့လာခဲ့ပါသည်။
