Main menu

 ကျွန်းလှမြို့တွင် စိုက်ပျိုးရောင်းချနေသာ ဂန္ဓမာပန်း ဈေးနှုန်းမြင့်တက်

Powered by Drupal

        စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့်  စားသုံးသူကာ ကွယ်ပေးရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုပါဆောင်ရွက် လျက် ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင် ၊ ကျွန်းလှမြို့တွင် ၊ မိသားစုစားဝတ်နေရေး အပိုဝင်ငွေရရှိရန် အတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို လုပ်ကိုင်ကြရာမှ  ဂန္ဓမာပန်းပင်ကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးလာ ကြသည်။ ဂန္ဓမာပန်းများကို တစ်ရက်လျှင် အစည်းအရေအတွက်(၁၀၀ မှ ၁၅၀)ထိ ချိုးယူရောင်းချရပြီး တစ်ခါ စိုက်လျှင် တစ်လခွဲခန့်ကြာအောင် ခူးဆွတ်ရောင်းချရပါသည်။

      ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ပထမပတ် ကျွန်းလှမြို့၏ ဂန္ဓမာပန်း ဈေးနှုန်းအနေဖြင့် ဂန္ဓမာပန်း အပွင့်ကြီး တစ်စည်းလျှင် ဖောက်သည်ပေးသည့် လက္ကား ဈေးနှုန်းမှာ(၁၇၀၀)ကျပ်၊ လက်လီ ဈေးနှုန်းမှာ ဂန္ဓမာပန်းအပွင့်ကြီးတစ်စည်းလျှင်(၂၀၀၀)ကျပ် နှင့် ဂန္ဓမာပန်း အပွင့်သေး တစ်စည်းလျှင်(၁၀၀၀)ကျပ် ဈေးနှုန်း တို့ဖြင့်ရောင်းချရသောကြောင့်  ယခင်အပတ်ထက် ဂန္ဓမာပန်း အပွင့်ကြီး ဈေးနှုန်း တစ်စည်းလျှင် (၅၀၀)ကျပ် မြင့်တက်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ဂန္ဓမာပန်း စိုက်ပျိုးရောင်းချသူထံမှ သိရပါသည်။

DOCA (စစ်ကိုင်း)