ပြည်တွင်းကုန်သွယ်မှုသတင်းများ
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၊ တောင်ချောင်းဘက်ရှိကျေးရွာများမှာ မဒေးဆည်လှောင်တမံမှရရှိသော ဆည်ရေများဖြင့် နွေစပါး၊ မိုးစပါးသီးနှံများ၊ အခြားရာသီစုံသီးနှံများကိုစိုက်ပျိုးကြရာ ယခုအခါ မိုးစပါးစိုက်တောင်သူများအနေဖြင့် မိုးစပါးများကိုစိုက်ပျိုး၍ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း၊ မနောသုခနှင့်မှော်ဘီ-၂ စပါးမျိုးများကိ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၊ မြို့မဈေးအတွင်း၌ ကြက်သွန်နီများကို မင်းဘူး-စကု၊ ပင်းချောင်း၊ စလင်း၊ ပွင့်ဖြူမြို့နှင့် အာလူး၊ ကြက်သွန်ဖြူများကို ရှမ်းပြည်နယ်၊ အောင်ပန်းမြို့၊ ငရုတ်ခြောက်ကိုမူ နတ်မောက်မြို့တပ်ကုန်းမှ ဝယ်ယူရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ(ပထမပတ်)တွင် မင်းဘူးမြို့မဈေးအတွင်း၌ရောင်းချလျက်ရှိသော ရေထွက်ကုန်ပစ္စည်းဈေးနှုန်းများမှာ ငါးကြင်းဖြူ(၁)ပိဿာလျှင် ကျပ်(၁၆၀၀၀-၁၇၀၀၀)၊ ငါးပုတ်သင်(၁)ပိဿာလျှင် ကျပ် (၁၆၀၀၀-၁၈၀၀၀)၊ ငါးသေတ္တာခြောက်(၁)ပိဿာလျှင် ကျပ်(၁၀၀၀၀-၁၃၀၀၀)၊ ငါးဖန့်ဝိုင်း(၁)ပိဿာလျှင် ကျပ်(၁၃၀၀၀-၁၅၀၀၀)၊ ငါးရံ့လုံး(၁)ပိဿာလျှင် ကျပ်(၃၅၀၀၀-၄၅၀

မြန်မာနိုင်ငံစက်သုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် တိုင်းဒေသကြီး/ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီရည်ညွှန်းလက်ကားစျေးနှုန်းများအား နေ့စဉ် ထုတ်ပြန်ပေးလျက်ရှိပါသည်။

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့ပေါ်ရှိဆေးဆိုင်များတွင် ဆောင်းရာသီကာလဖြစ်၍ နှာစေးချောင်းဆိုးများ၊ ဖျားနာမှုများဖြစ်ပွားလျက်ရှိရာ ဖျားနာမှုများအတွက် အိမ်သုံးဆေးဝါးများကို အဓိကဝယ်ယူလျက်ရှိကြောင်း ဆေးနှင့်ဆေးပစ္စည်းရောင်းချသူများထံမှသိရှိရပါသည်။
