Main menu

သာစည်ဈေးရှိ ခါကြက်ဥနှင့် ရုံးပတီသီးဈေးနှုန်း

Powered by Drupal

     မုံရွာမြို့၊ သာစည်ဈေးတွင် ရောင်းချနေသော ဟင်းသီးဟင်းရွက်ဈေးတန်းများတွင် ခါကြက်ဥ၊  ရုံးပတီသီးနှင့် သခွားသီးများလည်း ရောင်းချလျက်ရှိပါသည်။ ခါကြက်ဥ၊ ရုံးပတီသီး နှင့် သခွားသီးများကို အိမ်ရှင်မများက အိမ်သုံးချက်ပြုတ်ရန်အတွက် ဝယ်ယူကြပြီး  စားသောက်ဆိုင်များမှလည်း  စီးပွားဖြစ်အသုံးပြန်ရန် အဓိကဝယ်ယူကြောင်း သိရှိရပါသည်။

          ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ပထမပတ်တွင်  သာစည်ဈေးအတွင်းဖြစ်ပေါ်နေသော ခါကြက်ဥဈေးနှုန်းမှာ ခါကြက်ဥ ဥကြီး တစ်ပိဿာလျှင်(၄၀၀၀)ကျပ်၊ ခါကြက်ဥ ဥသေး တစ်ပိဿာလျှင် (၃၅၀၀) ကျပ်၊  ရုံးပတီသီး (၄)တောင့်လျှင် ကျပ် (၁၀၀)ဖြင့်ရောင်းချပြီး အတောင့် (၁၀၀)ဈေးနှုန်းမှာ ကျပ်(၂၀၀၀)ဖြင့် ရောင်းချ လျက်ရှိပါသည်။ သခွားသီး ဈေးနှုန်း အနေဖြင့် အသေးတစ်လုံးလျှင် (၂၅၀)ကျပ်၊ အကြီးတစ်လုံးလျှင် (၃၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း ကုန်စိမ်းသီးနှံ ရောင်းချသူများထံမှ သိရသည်။

DOCA(စစ်ကိုင်း)