Main menu

ပြည်တွင်းကုန်သွယ်မှုသတင်းများ

Powered by Drupal
06 Jan 2025

             ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်  အုတ်ဖိုမြို့နယ်သည် စိုက်ပျိုးရေးကိုအဓိကထား၍ အသက်မွေးဝမ်းကြောင်းလုပ်ကိုင်ကာ စီးပွားရေးဖွံ့ဖြိုးလျက်ရှိသော မြို့နယ်ဖြစ်ပါသည်။ ဆန်စပါး၊ မတ် ပဲတို့အဓိကထား၍ စိုက်ပျိုးသည့်အပြင် ရာသီပေါ်သီးနှံများဖြစ်သော ငရုတ်၊ဂေါ်ဖီ၊သခွား၊ ရုံးပတီ၊ ချဉ်ပေါင်တို့ကိုလည်း‌ ဒေသတွင်းစားသုံးရန်သာမက အခြားမြိ

06 Jan 2025

    မိတ္ထီလာခရိုင်တွင် ဆီထွက်သီးနှံများဖြစ်သော နှမ်း၊ မြေပဲ၊ နေကြာများကိုစိုက်ပျိုးကြပြီး ထွက်ရှိသော သီးနှံများကို ဒေသတွင်းကြိတ်ခွဲမှုအပြင် အခြားဒေသများသို့ တင်ပို့ ရောင်းချကြပါသည်။

06 Jan 2025

        ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်အတွင်းရှိ အောင်ဟိတ်ကျေးရွာအုပ်စု ပုလဲကုန်ကျေးရွာနှင့် စလင်းဒေါင့်ကျေးများ တွင် ကြယ်တာရာဘုရားပန်းကို စီးပွားဖြစ်စိုက်ပျိုး လျက်ရှိ ကြောင်းသိရသည်။ ၂၀၂၄-၂၀၂၅ ခုနှစ်တွင် မအူပင်မြို့နယ်တွင် ပန်းစိုက် ဧက ၁၂၈ ကျော် စိုက်ပျိုးထား ရှိကြောင်း မြို့နယ်စာရင်းများအရ သိရသည်။

06 Jan 2025

     မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့၌ ကွန်ကရစ်ပစ္စည်းများကို အဓိကပြုလုပ် ရောင်းချနေသော ကွန်ကရစ်ပစ္စည်းဈေးကွက်တွင် ကုန်ကြမ်းဈေးနှုန်းများ မြင့်တက်နေသည့်အတွက် ကုန်ချောရောင်းအားများ ကျဆင်းလျက်ရှိကြောင်း ကွန်ကရစ်ပစ္စည်းပြုလုပ်ရောင်းချသူ လုပ်ငန်းရှင် တစ်ဦး၏ ပြောပြချက်အရသိရှိရပါသည်။

Pages