ပြည်တွင်းကုန်သွယ်မှုသတင်းများ
တောင်ငူမြို့နယ်တွင် ထန်းပင်ထန်းတောများပေါများစွာရှိရာ မိရိုးဖလာထန်းလျက်လုပ်ငန်းကိုလည်း တစ်နိုင်တစ်ပိုငလုပ်ကိုင်ကြသူများရှိပါသည်။ တောင်ငူမြို့နယ်၊ ဆင်ဆိပ်ကျေးရွာအုပ်စု၊ ပက်တန်းကျေးရွာရှိ တစ်နိုင်တစ်ပိုင်ထန်းလျက်လုပ်ငန်းဖြင့် မိသားစုအပိုဝင်ငွေရရှိလျက်ရှိပါသည်။ ထန်းလျက်ကို ထန်းရည်အချိုဖြင့်ချက်ရကြောင်း သိရှိရပါသည်။

တောင်ငူမြို့တွင် ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ နောက်ဆုံးပတ်တွင် ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ၁၆၀၀၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး ဖျာပုံပေါ်ဆန်းတစ်အိတ်လျှင် ၁၄၅၀၀၀ကျပ်၊ ဒေသပေါ်ဆန်းတစ်အိတ်လျှင် ၁၃၅၀၀၀ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်တက်ခဲ့ပါသည်။ ဧည့်မထဆန်သစ်မှာ တစ်အိတ်လျှင် ၆၀၀၀၀ကျပ်မှ ၆၃၀၀၀ကျပ်အထိဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

တောင်ငူခရိုင်၊ ဖြူးမြို့တွင် အခြေခံစားသောက်ကုန်များဖြစ်သော ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ နောက်ဆုံးပတ်တွင် မြေပဲဆီမှာ တစ်ပိဿာလျှင် ၁၅၀၀၀ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်ကျပြီး စားအုန်းဆီမှာ တစ်ပိဿာလျှင် ၅၅၀၀ကျပ်ဖြင့် ရောင်းချလျက်ရှိပါသည်။

တောင်ငူမြို့တွင် ယူရီးယားလုံးကြီး ဓာတ်မြေဩဇာများဖြစ်သော နေရွက်လှေတံဆိပ်မှာ တစ်အိတ်လျှင် ၇၇၀၀၀ကျပ်၊ Good Luck တံဆိပ်မှာ ၇၈၀၀၀ကျပ်၊ Rainbow တံဆိပ်မှာ ၈၁၀၀၀ကျပ်၊ ရွှေကောမတ် 10:20:20 ကွန်ပေါင်းဓာတ်မြေဩဇာမှာ တစ်အိတ်လျှင် ၆၈၀၀၀ကျပ်၊ 15:15:15 ကွန်ပေါင်းဓာတ်မြေဩဇာမှာ တစ်အိတ်လျှင် ၁၁၅၀၀၀ကျပ်ဖြင့် ယခင်လအတိုင်း ဈေးနှုန်းတည်ငြိမ်နေပါသ

တောင်ငူမြို့တွင် ၂၀၂၃ခုနှစ်၊ အောက်တိုဘာလကုန်ပိုင်း၌ ဘိလပ်မြေတစ်အိတ်ဈေးနှုန်းမှာ ကြံ့နှစ်ကောင် (အနီ) ၈၆၀၀ကျပ်၊ ကြံ့နှစ်ကောင်(အစိမ်း) ၈၄၀၀ကျပ်၊ ထိုင်းဆင် ၈၅၀၀ကျပ်၊ Alpha ၈၃၀၀ကျပ်၊ Apache ၈၂၀၀ကျပ်၊ Rhino ၈၁၀၀ကျပ်၊ Max ၇၉၀၀ကျပ်ရှိပါသည်။
