ပြည်တွင်းကုန်သွယ်မှုသတင်းများ
တောင်ငူမြို့တွင် ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ နောက်ဆုံးပတ်တွင် ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ၁၆၀၀၀၀ကျပ်၊ ဖျာပုံပေါ်ဆန်းတစ်အိတ်လျှင် ၁၃၅၀၀၀ကျပ်၊ ဒေသပေါ်ဆန်းတစ်အိတ်လျှင် ၁၂၀၀၀၀ကျပ်၊ ဧည့်မထဆန်သစ်မှာ တစ်အိတ်လျှင် ၆၀၀၀၀ကျပ်မှ ၆၇၀၀၀ကျပ်အထိဖြင့် ဈေးနှုန်းအနည်းငယ်တက်ခဲ့ပါသည်။

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့တွင် ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ တတိယပတ်တွင် 92 RON တစ်လီတာလျှင် ၂၁၇၀ကျပ်၊ 95 RON တစ်လီတာလျှင် ၂၂၉၅ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၂၁၈၅ကျပ်နှင့် ပရီမီယံဒီဇယ်တစ်လီတာလျှင် ၂၂၉၀ကျပ်ရှိသည်။

တောင်ငူမြို့နယ်၊ ဆိပ်ဖူးတောင်ကျေးရွာအုပ်စု၊ ဘုရားခြေရင်းကျေးရွာရှိ ကိုအာဂျွန်းပလတ်စတစ်ဘူးခွံလုပ်ငန်းတွင် ၁လီတာ၊ ၀.၇လီတာ၊ ၀.၅လီတာနှင့် ၀.၃၅လီတာဆံ့ ပလတ်စတစ်ဘူးခွံများ ထုတ်လုပ်ရောင်းချလျက်ရှိသည်။

ပြည်မြို့ရှိ ဈေးကွက်များအတွင်းသို့ ယခုအချိန်ဆောင်းဦးပေါက်ရာသီဖြစ်သော ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ တတိယပတ်တွင် ပဲစင်းငုံအတွဲ(ပြုတ်ပြီး)သားနှင့် ပဲစင်းငုံအစိမ်းအတွဲများကို ပြည်မြို့အနောက်ဖက်ကမ်း ရွှေဘုံသာကျေးရွာဘက်မှ ဈေးသည်များက လာရောက်ရောင်းချကြပါသည်။ ပဲစင်းငုံ (ပြုတ်) အတွဲများကို ဝယ်ယူစားသုံးသူများလည်းရှိသကဲ့သို့ တစ်ဆင့်ပြန်လည်ရေ

ပြည်နှမ်းဈေးကွက်၌ နှမ်းဈေးများမှာ ယခင်အပတ်ကထက်စာလျှင် အနည်းငယ်ပြန်လည်ကျဆင်းလာခဲ့ပါသည်။ ပြည်ခရိုင်တွင် (၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ်တွင် မိုးနှမ်းစိုက်ဧကမှာ ၆၆၃၇၁ဧက၊ ရိတ်ဧကမှာ ၆၆၃၇၁ဧကရိတ်သိမ်းနိုင်ပြီး တစ်ဧကအထွက်နှုန်းအနေဖြင့် ၁၄.၉၅တင်းထွက်ရှိ၍ စုစုပေါင်းမိုးနှမ်းအထွက်တင်းမှာ ၉၉၁၉၃၄တင်းထွက်ရှိပါသည်။ ဆောင်းနှမ်းစိုက်ဧကမှာ ယခုအချိန်အ
