ပြည်တွင်းကုန်သွယ်မှုသတင်းများ
Powered by Drupal
22 Jul 2025
ရွှေဖရုံသီးသည် နွေရာသီတွင် စိုက်ပျိုးကြပြီး ၄လအကြာတွင် ဈေးကွက်ဝင်သော သီးနှံဖြစ်ကြောင်း သိရသည်။ မအူပင်တွင် ရွှေဖရုံသီးစိုက်ပျိုးသူများရှိပြီး ယခုမိုးရာသီတွင် စိုက်ပျိုးခြင်း မရှိပါ။ ပွင့်လင်းရာသီတွင် စိုက်ပျိုးကြပြီး တစ်ပိုင်တစ်နိုင်စိုက်ပျိုးခြင်း၊ စီးပွားဖြစ်စိုက်ပျိူးခြင်းများလည်း ရှိကြသည်။ ရန်ကုန် ဈေးကွက်မှ ရွှေဖရုံသီးများ မှာယူ၍ မအူပင

22 Jul 2025
အညာဒေသ ထုံးဘိုထွက် မျှစ်ချိုများကို ရန်ကုန်သိရီမင်္ဂလာဈေးမှာ မှာယူ၍ မအူပင် ဈေးကွက်အတွင်း ရောင်းချလျက်ရှိကြောင်း သိရသည်။ မျှစ်ချိုကို ကြော်စား၍သော်လည်းကောင်း၊ ချဉ်ရည်ဟင်းအဖြစ်လည်ကောင်း၊ အတို့မြှပ်အဖြစ်လည်းကောင်း စားသုံးကြသည်။

22 Jul 2025
မအူပင်မြို့နယ် ဈေးကွက်တွင် ငါးဈေးများကောင်းမွန်လျက်ရှိသည်။ ၂၀၂၅ခုနှစ် ဇွန်လ တို့တွင် ငါးဖယ်များ မြစ်ထဲမှ ဖမ်းယူရရှိပြီး ဈေးကောင်းလျက်ရှိကြောင်း သိရသည်။ ယခင်နှစ်ထက် ဈေးကောင်းပိုမိုရရှိလျက်ရှိသည်။

22 Jul 2025
မအူပင်မြို့နယ်တွင် ၂၀၂၅ခုနှစ် မေလမှ စ၍ အုန်းသီးဈေး ကောင်းမွန်လျက်ရှိကြောင်း သိရသည်။ အုန်းသီးများကို ရွှေတော်ပေါ်ကျေးရွာတွင် အများဆုံး စိုက်ပျိုးကြောင်း သိရပြီး အုန်းသီးပင် အပင်ပြတ်ဝယ်ကာ ခူးယူရောင်းချကြောင်း အုန်းသီးရောင်းသူထံမှ သိရသည်။

22 Jul 2025
ကန့်ဘလူမြို့နယ်တွင် တစ်နိုင်တစ်ပိုင် ကောက်ရိုးမှိုစိုက်ပျိုးသူ ဦးဝင်းဦး၏ပြောပြချက်အရ ကောက်ရိုးမှိုစိုက်ပျိုးချိန်သည် အလွန်အရေးကြီးကြောင်း၊ ကောက်ရိုးမှိုစိုက်ပျိုးရာတွင် လိုအပ်သော အခြေခံကုန်ကြမ်းများဖြစ်သည့် သန့်ရှင်းခြောက်သွေ့သော ကောက်ရိုး(သို့မဟုတ်) ရိုးပြတ်များ၊ ဂျပ်စက္ကူများ၊ နွားချေးမြေဆွေး စသည်တို့နှင့် စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးစရိတ်အနေဖ

