Main menu

မင်းဘူးမြို့၊ မြို့မဈေး၌ ဖူးစားပြောင်း(သကြား)ဈေးနှုန်းကျဆင်း

Powered by Drupal

      မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၊ မြို့မဈေး၌ ဖူးစားပြောင်း(သကြား)ကို စကု၊ ပွင့်ဖြူ၊ တောင်တွင်းကြီးမြို့တို့မှ အဓိကမှာယူရောင်းချလျက်ရှိကြောင်း၊ မင်းဘူးမြို့နယ်၌ ဒေသတွင်း ပြောင်းစိုက်ပျိုးမှုနည်းသည့်အတွက် အခြားဒေသများမှ မှာယူရောင်းချကြောင်း သိရသည်။

          ၂၀၂၅ခုနှစ်၊ ဩဂုတ်လ(စတုတ္တပတ်)တွင် သကြားပြောင်း()ဖူးလျှင် (အကြီး၊ အသေးအလိုက်) ကျပ်(၅၀၀-၆၀၀)ဖြင့် ရောင်းချလျက်ရှိပြီး (ပထမပတ်)တွင် ()ဖူးလျှင် ကျပ်(၈၀၀-၁၀၀၀)ဖြင့် ရောင်းချခဲ့ရာ ဈေးနှုန်းနှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် ပြောင်းဖူး()ဖူးလျှင် ကျပ်(၃၀၀-၄၀၀) ဈေးကျ ဆင်းပြီး အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။ ယခုအချိန်တွင် ပြောင်းစိုက်ပျိုးရာဒေသများ၌ ပြောင်းဖူးများ လှိုင်လှိုင်ထွက်ရှိလာသည့်အတွက် ဈေးနှုန်းကျဆင်းလာခြင်းဖြစ်ကြောင်း သိရှိရသည်။

DOCA(မကွေး)