ပြည်တွင်းကုန်သွယ်မှုသတင်းများ
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့၊ ဇေယျာသီရိဈေးရှိ သစ်သီးဝလံများကို မင်းဘူးမြို့၊ မကွေးမြို့၊ တောင်တွင်းကြီးမြို့၊ ပွင့်ဖြူမြို့၊ သရက်မြို့နှင့် အခြားမြို့များမှလည်း မှာယူ၍ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

အညာဒေသရှိ အစားအသောက်များထဲတွင် ပဲကြီးလှော်သည်လည်း နာမည်ကြီးသော အစားအသောက်တစ်ခုပင်ဖြစ်ပါသည်။ ပဲကြီးလှော်သည် အညာဒေသတွင်သာမက အခြားဒေသများ တွင်လည်း ထုတ်လုပ်ဖြန့်ဖြူးလျက်ရှိကြောင်း သိရှိရသည်။ မြန်မာလူမျိုးအများစုသည် ရှေးယခင်ကတည်းကပင် ပဲကြီးလှော်များကို လက်ဖက်ရည်ကြမ်းမြည်း၍ စားသောက်ရခြင်းကို လွန်စွာနှစ်သက်ကြ ပါသည်။

ပခုက္ကူမြို့နယ်အတွင်းရှိ ကျွန်းရွာများတွင် ခရမ်းချဉ်သီးကို မိုးလယ်ကာလတွင် စတင်စိုက်ပျိုး ပြီး မိုးနှောင်းကာလဖြစ်သော နိုဝင်ဘာ၊ ဒီဇင်ဘာလများတွင် ဆွတ်ခူးရောင်းချသောကြောင့် ထိုအချိန် မှသာ ခရမ်းချဉ်သီး လှိုင်လှိုင်ပေါများသောအချိန်ဖြစ်သည်။

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်ရှိ ပဲမျိုးစုံရောင်းဝယ်ရေးပွဲရုံများတွင် ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ်တွင် ရောင်းဝယ်နေသော မတ်ပဲဈေးနှုန်းများမှာ ပိဿာ(၂၀)တစ်တင်းလျှင် (၇၉၀၀၀) ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်နေပါသည်။

၂၀၂၃ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ်တွင် လက်ပံတန်းမြို့ (မြို့မ) ဈေးအတွင်းရှိ ငါးဈေးနှုန်းများမှာ ငါးကြင်းဖြူ တစ်ပိဿာလျှင် ၁၂၀၀၀ကျပ် မှ ၁၅၀၀၀ကျပ်၊ ငါးမြစ်ချင်း တစ်ပိဿာလျှင် ၈၀၀၀ကျပ်မှ ၁၀၀၀၀ ကျပ် ၊ ငါးဖယ်ခြစ်တစ်ပိဿာလျှင် ၂၅၀၀၀ကျပ်၊ ငါးမြစ်ချင်းခြစ် တစ်ပိဿာလျှင် ၂၀၀၀၀ကျပ်၊ ရေချို ပုစွန် (လတ်) တစ်ပိဿာလျှင် ၄၀၀၀၀ကျပ်၊ ရေချိုပုစွန် (ကြီး) တစ်ပိဿ
