Main menu

ကျွန်းလှမြို့တွင် ငှက်ပျောပင်စိုက်ပျိုး ဝင်ငွေတိုး

Powered by Drupal

     ကျွန်းလှမြို့ရှိ ပြည်သူများသည် ငှက်ပျောပင်များကို မိမိတို့ပိုင်ဆိုင်သည့် ယာမြေကွက်များ (သို့မဟုတ်) အိမ်ခြံဝင်းအတွင်းရှိမြေကွက်လပ်များတွင် တစ်ပိုင်တစ်နိုင်စိုက်ပျိုးကြပြီး ငှက်ပျောစိုက် ပျိုးသည့် အမျိုးအစားများမှာ ဖီးကြမ်း (စိမ်း) ဖီးကြမ်း(ငှက်ပြာ) ကသည်းငှက်ပျော(ခေါ်)ရခိုင်ငှက်ပျော၊ ဝက်မ လွတ်ငှက်ပျော နှင့် ဝက်မလွတ် (ဘရာဇီး)ငှက်ပျောတို့ကို အများဆုံးစိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

     ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ နောက်ဆုံးပတ်၌ ငှက်ပျောသီး ဈေးနှုန်းအနေဖြင့် ငှက်ပျောတစ်ဖီးလျှင် အဖီးလှ/မလှပေါ်မူတည်၍ (၁၅၀၀/၂၀၀၀)ကျပ်၊ ဝက်မလွတ်(ဘရာဇီး) ငှက်ပျောအဖီး လှ/မလှ ပေါ်မူတည် (၂၅၀၀/၃၀၀၀)ကျပ်၊ ကသည်းငှက်ပျော(ခေါ်)ရခိုင် ငှက်ပျောသီး လှ/ မလှပေါ်မူတည်၍ တစ်ဖီးလျှင် (၁၅၀၀/၂၀၀၀)ကျပ်၊ ဝက်မလွတ်ငှက်ပျော တစ်ဖီးလျှင် (၂၀၀၀/၂၅၀၀)ကျပ် ဈေးနှုန်း အသီးသီးတို့ဖြင့် ရောင်းချလျက်ရှိပြီး ရာသီမရွေးစိုက်ပျိုးရောင်းချရသည့် နှစ်ရှည်သီးနှံပင် ဖြစ်သည့်အတွက်  စိုက်ပျိုးသင့် ငှက်ပျောစိုက်တောင်သူထံမှ သိရသည်။

DOCA(စစ်ကိုင်း)