ပြည်တွင်းကုန်သွယ်မှုသတင်းများ
ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များ၌ စက်တင်ဘာလ ဒုတိယပတ်တွင် စပါး/ဆန် ဈေးနှုန်းများ အနည်းငယ် ကျဆင်းနေပါသည်။ ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ စက်တင်ဘာလ ပထမပတ်တွင် ရန်ကုန်သို့ အိတ်ရေ ၁၇၅၀၀၊ မန္တလေးသို့ အိတ်ရေ၂၈၄၀၀၊ နေပြည်တော် သို့ အိတ်ရေ ၆၀၀၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၄၅၀၀၊ ရှမ်း(မြောက်)သို့ အိတ်

၂၀၂၃ခုနှစ်၊ စက်တင်ဘာလ၊ ဒုတိယအပတ်အတွင်း ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံ-မိုင်းလား နယ်စပ်လမ်းကြောင်းမှ သွင်းကုန်များအနေဖြင့် အားကစားဘောင်းဘီ၊ ရေမြှုပ်ဖိနပ်၊ မိုးကာအင်္ကျီနှင့် စွပ်ကျယ်အင်္ကျီတို့ဖြစ်၍ သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ (၀.၀၁၃)သန်းဖြစ်ပြီး ကုန်ပစ္စည်းတင်ပို့မှုမရှိကြောင်းသိရှိရပါသည်။ ကုန်သွယ်မှုပမာဏမှာ

အောင်လံကုန်စည်ဒိုင်တွင် နှမ်းဈေးကွက်အနေဖြင့် နှမ်းသီးနှံအသစ်များထွက်ရှိလျက်ရှိပြီး နှမ်းနက်(စမုံ)မှာ (၄၅)ပိဿာဝင် (၁)အိတ်လျှင် ယခင်အပတ်(၆-၉-၂၀၂၃)ရက်နေ့တွင် ကျပ်(၂၇၅၀၀၀-၃၄၅၀၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်(၁၂-၉-၂၀၂၃)ရက်နေ့တွင် ကျပ်(၂၆၀၀၀၀-၃၃၀၀၀၀)ဖြစ်၍ ကျပ်(၁၅၀၀၀) ဈေးလျော့ခဲ့ကြောင်း၊ နှမ်းနီတစ်အိတ်လျှင် ယခင်အပတ်တွင် ကျပ်(၃၀၅၀၀၀)ဖြစ်ခဲ့ပြ

စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၁၁-၉-၂၀၂၃)ရက်နေ့၊ နံနက်(၀၈:၃၀)နာရီအချိန်တွင် သရက်မြို့၊ မြို့မစည်ပင်သာယာဈေးအတွင်း ပလတ်စတစ်လျှော့ချအသုံးပြုစေရေးနှင့် အင်ဖက်အစားထိုးအသုံးပြုစေရေးတို့အတွက် အသား၊ ငါး ရောင်းချနေသော ဈေးတန်းတစ်လျှောက်နှင့် အသီးအရွက်ကုန်စိမ်းရောင်းချသူများအား မ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၊ မြို့မဈေး၌ ရာသီစာ မန်ကျည်းသီးစိမ်းများ လှိုင်လှိုင်ပေါ်နေပြီး ဈေးကွက်အတွင်းသို့ ဝင်ရောက်လျက်ရှိပါသည်။ ရာသီစာသီးနှံဖြစ်ပြီး သဘာဝမန်ကျည်းပင်ကြီးမှ ရရှိသောအသီးဖြစ်၍ စားသုံးသူပြည်သူများအနေဖြင့် ဘေးအန္တရာယ်ကင်းရှင်းစွာစားသုံးနိုင်ပါသည်။
