ပြည်တွင်းကုန်သွယ်မှုသတင်းများ
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် အခြေခံစားကုန်ဈေးနှုန်းများကို အပတ်စဉ် မေးမြန်းတင်ပြလျက်ရှိရာ ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ်တွင် ရွှေဘိုမြို့၌ စားအုန်းဆီ ဈေးနှုန်းများ အနည်းငယ်ကျဆင်းလျက်ရှိကြောင်း စားသုံးဆီအရောင်းဆိုင်များမှ သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးသည် ဆန်ပိုဒေသများဖြစ်သော ကလေး၊ ကသာ၊ ကန့်ဘလူ၊ ရွှေဘိုနှင့် ရေဦးခရိုင်များအနေဖြင့် ရွှေဘိုနှင့်ရေဦးခရိုင်တို့တွင် ဧရာမင်းစပါးလက်ကျန် မရှိသလောက် နည်းပါးနေကြောင်း၊ ခရိုင်အားလုံး စပါး/ဆန်ဈေးနှုန်းများ အနည်းငယ်ကျဆင်းနေပြီး ကန့်ဘလူခရိုင်နှင့် ကသာခရိုင်တို့တွင် ဈေးအေးနေပါကြောင်း သိရှိရပါသည်။

မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီရည်ညွှန်းလက်ကားဈေးနှုန်းတို့ကို နေ့စဉ် ထုတ်ပြန်ပေးလျက်ရှိပါသည်။

မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း/သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီရည်ညွှန်း လက်ကားဈေးနှုန်းများအား နေ့စဉ် ထုတ်ပြန်ပေးလျက်ရှိပါသည်။

ဆိပ်ဖြူမြို့၊ ကြက်သွန်နီဈေးကွက်သို့ ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ(၁)ရက်နေ့မှ (၈)ရက်နေ့ (ပထမပတ်)အတွင်း နေ့စဉ်ကုန်ချိန် ပိဿာ(၂)သောင်းခန့်၊ (၁)ပတ်အတွင်း စုစုပေါင်းပိဿာ (၁)သိန်းခွဲခန့်၊ ကုန်စည်ဒိုင်တွင် ဝင်ရောက်အရောင်းအဝယ်ဖြစ်ပြီး ဆိပ်ဖြူမြို့မှ ကုန်စည်စီးဆင်းမှုမှာ (၁)ပတ်အတွင်း ပိဿာ(၃)သိန်းခန့်စီးဆင်းလျက်ရှိကြောင်း သိရှိရပါသည်။
