Main menu

ကန့်ဘလူသစ်သီးဈေးကွက်၌ အရောင်းသွက်သည့် ပန်းသီးဈေးနှုန်း

Powered by Drupal

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့ ဘုရာကြီးဈေးရှိ သစ်သီးဆိုင်များတွင် ဒေသထွက်အသီးအနှံများ၊ မန္တလေးတိုင်းဒေသကြီးနှင့် မြစ်ကြီးနားဒေသထွက် အသီးအနှံများ ရောင်းချလျက်ရှိပြီး ပန်းသီးများကို မန္တလေးသစ်သီးပွဲရုံများမှ မှာယူရောင်းချလျက်ရှိကြောင်း၊ ပန်းသီးသည် ကျန်းမာရေးအတွက် အထောက်အကူများစွာ ပြုပေးသည့်အတွက် အရောင်းသွက်သည့် အသီးတစ်မျိုးဖြစ်ကြောင်း သိရှိရသည်။

    ကန့်ဘလူမြို့သစ်သီးဈေးကွက်တွင် ၂၀၂၅ ခုနှစ် ၊ ဇူလိုင်လ နောက်ဆုံးပတ်အတွင်း ပန်းသီး အကြီး(၁)လုံးလျှင် (၃၀၀၀မှ ၄၀၀၀)ကျပ်၊ အသေး(၁)လုံးလျှင် (၂၅၀၀)ကျပ်နှင့် အသေး(၄)လုံးလျှင် (၁၀၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ပန်းသီးသည် နူးညံ့ထူးကဲသော အရသာရှိသည့်အတွက် စားဖူးသူတိုင်း ကြိုက်နှစ်သက်သည့်အတွက် အရောင်းသွက်လျက်ရှိသည့် သီးနှံတစ်မျိုးဖြစ်ကြောင်း သစ်သီးရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)