ပြည်တွင်းကုန်သွယ်မှုသတင်းများ
တောင်ငူမြို့သို့ တောင်ငူမြို့နှင့် အနီးတဝိုက်ရှိ ရွာများမှ ဒေသထွက်အသီးအနှံများ လက်လီ/လက်ကားလာရောက်ရောင်းချလျက်ရှိသော ညောင်ပင်လေးဈေး၌ ၂၀၂၃ခုနှစ်၊ ဇူလိုင်လ (စတုတ္ထအပတ်) တွင် ပြောင်းဖူး (အသေး) တစ်ဖူးလျှင် ၁၀၀ကျပ်မှ ၁၅၀ကျပ်အထိရှိခဲ့ရာမှ ယခုအပတ်တွင် ပြောင်းဖူး (အသေး) တစ်ဖူးလျှင် ၂၀၀ကျပ်မှ ၂၅၀ ကျပ်အထိဈေးတက်လာခဲ့ပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/127_2.jpg?itok=XISbJgiF)
ငါးရံ့ငါးဆိုလျှင် ငါးခြောက်ပြုလုပ်ပါက အရမ်းချိုပြီး စားကောင်းသည့်ငါး ဖြစ်သည့်အပြင် မြစ်ချောင်း၊ အင်းအိုင်များပေါများသော ပဲခူးတိုင်းဒေသကြီးတွင် ငါးရံ့ခြောက်ကို ဒေသထွက်ကုန်တစ်ခုအနေဖြင့် ထုတ်လုပ်ရောင်းချလျက်ရှိပါသည်။ ငါးရံ့မျိုးစိတ်ပေါင်းများစွာရှိသည့်အနက် မြန်မာနိုင်ငံတွင် ငါးရံ့ (၅) မျိုးရှိပြီး ရေချိုတွင်သာနေထိုင်ကြကာ ရေခ
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/3.5_0.jpg?itok=Tl5urG-n)
အောင်လံကုန်စည်ဒိုင်တွင်နှမ်းဈေးကွက်အနေဖြင့် (၄၅)ပိဿာ(၁)အိတ်လျှင် ယခင်အပတ် (၁၉-၇-၂၀၂၃)ရက်နေ့တွင် နှမ်းနက်(စမုံ)မှာ ကျပ်(၂၆၀၀၀၀မှ ၂၈၀၀၀၀)ဖြစ်ပြီး ယခုအပတ် (၂၅-၇-၂၀၂၃)ရက်နေ့တွင် ကျပ်(၂၆၀၀၀၀မှ ၂၈၀၀၀၀)ဖြစ်၍ ဈေးနှုန်းပြောင်းလဲမှုမရှိပဲ (၅၅၀)အိတ် အရောင်းအဝယ်ရှိခဲ့ပါကြောင်း အောင်လံကုန်စည်ဒိုင်မှ သိရှိရပါသည်။
လူကြီး/လူငယ်မရွေး စားသင့်သော အသီး (သို့) အစေ့များထဲတွင် သစ်ကြားသီး (သို့) အစေ့လည်းပါဝင်ပါသည်။ သစ်ကြားသီးများကို ကချင်ပြည်နယ်ဘက်တွင် အများဆုံးစိုက်ပျိုးလေ့ရှိ ပါသည်။ သစ်ကြားစေ့လေးများကို သစ်ကြားသီးအခွံ့မာများမှ ခွာ၍စားရပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/126_2.jpg?itok=uAi4iCr1)
မန်ကျည်းပင်သည် သစ်မာပင်နွယ်ဝင် အပင်ကြီးမျိုးဖြစ်ပြီး မြန်မာနိုင်ငံအပူပိုင်းဒေသများတွင် အများဆုံးပေါက်ရောက်လေ့ရှိပါသည်။ မန်ကျည်းပင်သည် စားသုံးသူများအတွက် တစ်ပင်လုံးအသုံးဝင်သော ဆေးဖက်ဝင်တန်ဖိုးရှိသည့် အပင်တစ်မျိုးဖြစ်ပါသည်။ သုံးရာသီပတ်လုံး မန်ကျည်းရွက် အနု၊ အဖူး၊ အသီးစိမ်းအနု၊ အမှည့်များကို နှစ်ပတ်လည် စားသုံးရပါသည်။ မန်ကျည်းသ
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/3.2_0.jpg?itok=pt70Dzut)