ပြည်တွင်းကုန်သွယ်မှုသတင်းများ
တောင်ငူမြို့ ညောင်ပင်ဈေးရှိ သစ်သီးဆိုင်များတွင် ပန်းသီးမှာ အကြီးနှင့် အသေးနှစ်မျိုး ရှိရာ နှစ်မျိုးလုံးတွင် အလုံးအကြီးအသေးပေါ်မူတည်၍ ပန်းသီးအကြီးမှာ တစ်လုံးလျှင် ၂၀၀၀ ကျပ်မှ ၃၀၀၀ ကျပ်အထိ၊ ပန်းသီးအသေးမှာ တစ်လုံးလျှင် ၈၀၀ ကျပ်မှ ၁၂၀၀ အထိ၊ ပန်းသစ်တော်သီးမှာ တစ်လုံးလျှင် ၂၅၀၀ ကျပ်မှ ၃၀၀၀ ကျပ်အထိဖြင့် ဈေးနှုန်းတည်ငြိမ်နေပါ
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့တွင် ယခင်အပတ်က 92 RON တစ်လီတာလျှင် ၂၀၀၀ ကျပ်၊ 95 RON တစ်လီတာလျှင် ၂၀၉၀ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၁၉၃၅ ကျပ်နှင့် ပရီမီယံ ဒီဇယ် တစ်လီတာလျှင် ၂၀၁၀ ကျပ်ရှိခဲ့ပါသည်။
ဖြူးမြို့ ၊ ဆေးရုံရပ်ကွက်ရှိ ဒေါ်သင်းသင်းကြူပဲပွကြော်လုပ်ငန်းသည် ဖြူးမြို့တွင် အောင်မြင်သော လုပ်ငန်းဖြစ်ပါသည်။ ၁၉၇၃ ခုနှစ်၊ မိဘများလက်ထက်ကတည်းက စတင်လုပ်ဆောင်ခဲ့ရာ နှစ် ၅၀ ခန့်ရှိနေပြီဖြစ်ပါသည်။ ဆန်ကွဲကိုအခြေခံ၍ ပြုလုပ်ရသော စားသောက်ကုန်ဖြစ်ပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/28.19.jpg?itok=nrH9ke4J)
တောင်ငူမြို့တွင် အခြေခံစားသောက်ကုန်များဖြစ်သော မြေပဲဆီမှာ တစ်ပိဿာလျှင် ၁၅၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး စားအုန်းဆီမှာ ယခင်အပတ်က တစ်ပိဿာလျှင် ၆၅၀၀ ကျပ်မှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၆၈၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်မြင့်တက်ပါသည်။
တောင်ငူမြို့ ညောင်ပင်လေးဈေးရှိ ဟင်းသီးဟင်းရွက်ဈေးတွင် ငရုတ်သီးစိမ်း (မိုးထောင် သီး)မှာ တစ်ပိဿာလျှင် ၈၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး ကုလားအော်သီးမှာ ယခင်အပတ် က တစ်ပိဿာလျှင် ၁၉၀၀၀ ကျပ်မှ ၂၀၀၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၂၂၀၀၀ ကျပ် ဖြင့် ဈေးနှုန်းအနည်းငယ်မြင့်တက်ပါသည်။ ယခုအခါတွင် ငရုတ်သီးစိမ်း(ကျောက်စိမ်းသီ