Main menu

ပြည်တွင်းကုန်သွယ်မှုသတင်းများ

Powered by Drupal
28 Jun 2023

      ဖြူးမြို့ ခြံဝင်းကျယ်တွင် တစ်ပိုင်တစ်နိုင်သံပုရာသီး စိုက်ပျိုးသူတို့ အပိုဝင်ငွေရလျက်ရှိပါသည်။ သံပုရာပင်သည် နှစ်နှစ်သားခန့်တွင် အသီးစတင်သီးပါသည်။ အသီးအားကောင်းစေရန် အတွက် ၁၅:၁၅ ပတ်လည် အပင်အားဆေးကျွေးပြီး ရေလောင်းပေးရပါသည်။ သက်တမ်းရင့် သံပုရာ ပင်တစ်ပင်သည် တစ်နှစ်လျှင် အသီး အလုံး ၁၀၀၀ ခန့်သီးပါသည်။

28 Jun 2023

     တောင်ငူခရိုင် အုတ်တွင်းမြို့တွင် နာနတ်သီးများ ရောင်းအားကောင်းလျှက်ရှိပါသည်။ ရှမ်းပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးတို့မှ ထွက်ရှိသော နာနတ်သီးများကို မှာယူပြီး ၎င်းဒေသများရှိ နာနတ်ဒိုင်များက ကုန်စိမ်းတင်သည့်ကားကြီးများဖြင့်တင်ပေးပါသည်။

28 Jun 2023

     ပဲခူးတိုင်းဒေသကြီး ၊ ညောင်လေးပင်ခရိုင် စစ်တောင်းမြစ် အရှေ့ဘက်ခြမ်းရှိ ကျောက်ကြီးမြို့နယ်၊ မုန်းနှင့် ကျောက်ကြီးပေါက်ကျေးရွာများမှ ထွက်ရှိသော ဒူးရင်းသီးများမှာ နှစ်စဉ် မေလမှ အောက်တိုဘာလခန့်အထိ ဖြူးမြို့နယ်အတွင်းသို့ ဝင်ရောက်လျက်ရှိပါသည်။

28 Jun 2023

   ဟင်းနုနွယ်ရွက်ပင်သည် အစိမ်းရောင်အပင်အမျိုးအစားဖြစ်ပါသည်။ ဟင်းနုနွယ်ရွက်သည် မြန်မာလိုအခေါ်အဝေါ်ဖြစ်ပြီး အင်္ဂလိပ်လိုမှာ Amaranth ဟုခေါ်ပါသည်။ ဟင်းနုနွယ်ရွက်ကို ဆေးဖက်ဝင်အပင်တစ်ခုအဖြစ် အားလုံးသိကြပါသည်။ ဟင်းနုနွယ်ရွက်ကို စားသုံးပေးခြင်းဖြင့် အမြင်အာရုံကိုကောင်းမွန်စေပါသည်။ ဟင်းနုနွယ်ရွက်သည် ဗီတာမင်ဒီ ပါဝင်သောကြောင့် အရိုးအဆစ်

28 Jun 2023

    ပိန္နဲပင်တွင် အိမ်ပျော့မျိုးနှင့် အိမ်မာမျိုးဟူ၍ (၂)မျိုးရှိပြီး လူအကြိုက်အများဆုံးမှာ အိမ်မာမျိုးဖြစ်ပါသည်။ ပိန္နဲသီးအစိမ်းကို ဟင်းချက်၍စားရသလို အမှည့်ကိုလည်း  အချိုပွဲအဖြစ် စားသုံးကြပါသည်။ ထို့အပြင် ပိန္နဲသီးကို ယိုထိုး၍လည်းကောင်း၊ ဂျယ်လီပြုလုပ်၍လည်းကောင်း၊ ရေခဲမုန့် ပြုလုပ်၍လည်းကောင်း၊ စည်သွတ်ဘူးများပြုလုပ်၍လည်းကောင်း စ

Pages