ပြည်တွင်းကုန်သွယ်မှုသတင်းများ
မုံရွာခရိုင်အတွင်းရှိ မြို့နယ်များ၌ ၂၀၂၃ခုနှစ်၊ ဇွန်လ၊ ပထမအပတ်တွင် စပါးဈေးနှုန်းနှင့် ဆန်ဈေးနှုန်းများမြင့်တက်လျက်ရှိပါကြောင်း သိရပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/480.jpg?itok=MlKzwzbY)
ပခုက္ကူမြို့၌ ၂၀၂၃ခုနှစ်၊ ဇွန်လ ပထမပတ်တွင် ဘိလပ်မြေဈေးကွက်မှာ အရောင်းအဝယ်ပုံမှန်ရှိပြီး ဈေးနှုန်းမှာလည်း မေလနောက်ဆုံးပတ်အတိုင်း ကြံ့နှစ်ကောင် ဘိလပ်မြေတစ်အိတ်လျှင် ကျပ်(၉၀၀၀)၊ အယ်လဖာ ဘိလပ်မြေ တစ်အိတ်လျှင် ကျပ်(၈၈၀၀)ရှိကြောင်း သိရှိရပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/hero-industries-cement.jpg?itok=2SVkTC7c)
တနင်္သာရီတိုင်းဒေသကြီးတွင် ရော်ဘာများကို အဓိကထားစိုက်ပျိုးလျက်ရှိပြီး စိုက်ပျိုးဧရိယာမှာ (၃၅၁၇၇၇)ဧက၊ အစေးလှီးဧရိယာမှာ (၂၀၂၇၁၉)ဧက၊ အထွက်နှုန်းမှာ (၅၀၂.၂၁) ပေါင်ရှိပြီး တစ်နှစ်စာပျှမ်းမျှ အထွက်တန်မှာ (၄၇၈၃၄) မက်ထရစ်တန်ရှိကြောင်း သိရှိရသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/RB.jpg?itok=IkzY1_MJ)
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ဆီထွက်သီးနှံ ဖြစ်သည့် မိုးမြေပဲကို အဓိကစိုက်ပျိုးလျက်ရှိပြီး ဆောင်းမြေပဲကို အနည်းငယ်သာစိုက်ပျိုးမှုရှိပါသည်။ ၂၀၂၂-၂၀၂၃ ခုနှစ်တွင် မိုးမြေပဲကို (၆၁၂၆၈)ဧက စိုက်ပျိုးခဲ့ပြီး တစ်ဧက ပျမ်းမျှအထွက်နှုန်း (၄၂.၂၅) တင်းနှုန်းဖြင့် တင်းပေါင်း(၂၅၈၈၅၇၃)တင်း ထွက်ရှိခဲ့ပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/0056.jpg?itok=ERGtn_w5)
ညောင်ဦးမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ မေလတတိယပတ်မှ စတင်၍ မိုးသီးနှံများဖြစ်သော ပဲတီစိမ်း၊ ပဲစင်းငုံ၊ မြေပဲ၊ နှမ်းစသည့်သီးနှံများကို တောင်သူများ စတင်စိုက်ပျိုးလျက်ရှိပါသည်။ ယခုနှစ်တွင်သီးနှံများ စိုက်ပျိုးမှုလျာထားချက်များအနေဖြင့် ပဲတီစိမ်း(၁၇၁၈၀)ဧက၊ ပဲစင်းငုံသီနှံ(၁၂၂၉၀)ဧက၊ မြေပဲ (၉၂၁၀၁)ဧက၊ နှမ်း(၁၅၅၄၀)ဧကတို့ လျာထားပြီး စိုက်ပျိုး
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/0202.jpg?itok=yoa5kI7k)