
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့၊ ဇေယျာသီရိဈေး၌ မြို့ပတ်ဝန်းကျင်ရှိ ပန်းတော်ပြင်၊ မယ်ဇလီတော၊ ဥယျာဉ်၊ ညောင်ပင်သာ စသည့်ကျေးရွာများမှထွက်ရှိသည့် သကြား ပြောင်းနှင့် ပြောင်းစီး(အဖြူ)များသည် ၂၀၂၅ခုနှစ်၊ ဇွန်လ(တတိယပတ်)မှစတင်ဝင်ရောက် အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။
၂၀၂၅ခုနှစ်၊ ဇူလိုင်လ(ဒုတိယပတ်)တွင် သကြားပြောင်းဖူး(အကြီး၊ အသေးအလိုက်) (၁)ဖူး လျှင် (၄၀၀- ၄၅၀)၊ ပြောင်းစီး(၁)ဖူးလျှင် ကျပ်(၅၀၀)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ပြောင်းဖူး များ စတင်ပေါ်စအချိန် ဇွန်လ(တတိယပတ်)တွင် သကြားပြောင်းဖူး(၁)ဖူးလျှင် ကျပ်(၅၀၀)၊ ပြောင်းစီး(၁)ဖူးလျှင် ကျပ်(၇၀၀)ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့၍ ဈေးနှုန်းနှိုင်းယှဉ်ပါက ယခုတစ်ပတ် တွင် သကြားပြောင်း ကျပ်(၅၀)၊ ပြောင်းစီး ကျပ်(၂၀၀)ဈေးနှုန်းကျဆင်းလာကြောင်း သိရသည်။ ယခု အချိန်တွင် ကျေးရွာများရှိ ပြောင်းဖူးစိုက်ခင်းများ လှိုင်လှိုင်ထွက်ရှိချိန်ဖြစ်၍ ဈေးနှုန်းမှာကျဆင်း လာရခြင်းဖြစ်ကြောင်း သိရှိရပါသည်။
DOCA(မကွေး)